Book(92)Ch 1-2(or)Ch 1271 - 1273

109 10 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(92)

Chapter-1

(ကျီးကန်းနက်၏ မျက်လုံးများ)

"အ… အ… အ….."

ယီယွမ်၏ စကားများကို အဖြေပေးသည့်အနေဖြင့် သစ်ပင်ထိပ်ရှိ ကျီးကန်းများထံမှ  အလွန့်အလွန် နားဝင်ဆိုးသော အော်သံများ ထွက်ပေါ်လာခဲ့၏။

ထိုအော်သံများကိုကြားသော် အလင်းဖြူက အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။ သူ၏လက်ကိုမြှောက်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

သေခြင်းဝိညာဥ်သစ်ပင်က မည်မျှအထိ ကြောက်စရာကောင်းကြောင်း မြင်တွေ့လိုသည့်အတွက် ယီယွမ်က အလင်းဖြူကို တားဆီးခြင်းမပြုခဲ့ပေ။

သို့ရာတွင် ဆက်လက်ဖြစ်ပေါ်လာသော မြင်ကွင်းက သူတို့သုံးယောက်ကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။

အလင်းဖြူထုတ်ဖော်ခဲ့သော ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များက ပေးသုံးဆယ်မျှသာ ရှေ့တိုးနိုင်ခဲ့ပြီး ချက်ချင်းပင် အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဤနေရာတွင် နားလည်ရန် လုံးဝမဖြစ်နိုင်သော စွမ်းအားတစ်ခု ရှိနေခဲ့သည်နှင့် တူညီနေခဲ့ပေ၏။

"ဒါက….."

အလင်းဖြူက ယီယွမ်ကိုကြည့်လိုက်ပြီး သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာတစ်ခု ထွက်ပေါ်နေခဲ့သည်။

ဤသေခြင်းဝိညာဥ်သစ်ပင်က သူ၏ နာမည်ဂုဏ်သတင်းနှင့် ကောင်းစွာထိုက်တန်ပေသည်။

သို့သော် ဤအချိန်တွင်မူ သေခြင်းဝိညာဥ်သစ်ပင်က နာမည်ဂုဏ်သတင်းနှင့် ကိုက်ညီခြင်းမရှိရန် သူတို့က မျှော်လင့်နေခဲ့ကြ၏။

ယီယွမ်ကလည်း အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ အလင်းဖြူ၏ခွန်အားကို သူက ကောင်းစွာသိရှိပေသည်။

ပြည့်စုံသော ကျားဖြူခန္ဓာကိုယ်က အလင်းဖြူကို အစောကြီးကတည်းက  ကျားဖြူအလင်းအမှောင် နတ်ဘုရားပညာရပ်၏ နတ်ဘုရားတာအိုအဆင့်အထိ ရောက်ရှိစေခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now