Ch 1283 - 1285

99 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 92

Chapter-13

(ဗြဟ္မာအစစ်အမှန်မိစ္ဆာ၊ ကမ္ဘာကို လက်ဝါးတစ်ချက်ဖြင့် ဖျက်ဆီးခြင်း)

"ဒါက အဲဒီနေ့တုန်းက ဖင်းဂေါ့ကို အနိုင်ယူခဲ့တဲ့ စီနီယာ မဟုတ်ဘူးလား… ဟားဟား… သူက နောက်ဆုံးတော့ လှုပ်ရှားတော့မှာပဲ… သူရှိနေပြီဆိုရင် လူသားမျိုးနွယ်က အန္တရာယ်ကင်းသွားပြီ….."

"အဲဒီအရှင်က ဘယ်သူလဲ… သူက တော်တော်လေး သန်မာလို့လား….."

"ဟမ့်… သန်မာတာထက်ကိုပိုတယ်… နောက်ဆုံးတစ်ကြိမ်တုန်းက ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်နဲ့ ကျူးကော့ချင်ရွှမ်က နှစ်ယောက်စလုံး ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ တိုက်ခိုက်ခဲ့တာကို အဲဒီဖင်းဂေါ့က အခွင့်ကောင်းယူပြီးတော့ နဂါးကလန်ကို အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့တာပဲ… အဲဒီအရှင်က လှုပ်ရှားပြီးတော့ သူ့ကို နှင်ထုတ်လိုက်တယ်လေ….."

"အဲဒီလောက်အထိ အစွမ်းထက်တာလား… မိစ္ဆာမျိုးနွယ်ရဲ့ အဲဒီငနဲက တော်တော်လေး မောက်မာနေပြီးတော့ နတ်ဘုရားနယ်မြေက သူ့ဟာလို့တောင် ပြောနေသေးတယ်… ငါတို့နတ်ဘုရားနယ်မြေကို အစွမ်းထက်တဲ့သူမရှိဘူးဆိုပြီး တကယ်အနိုင်ကျင့်တာပဲ….."

……..

ဖန့်ထျန်း၏ ရုတ်တရက် ထွက်ပေါ်လာမှုက နဂါးကလန်၏ ပုဂ္ဂိုလ်များကို နှလုံးငြိမ်ဆေး ပေးလိုက်သည်နှင့် တူညီနေခဲ့၏။

ထိုနေ့က ဖန့်ထျန်း၏ ခန်အိုကို အနိုင်ယူလိုက်သော မြင်ကွင်းက လူတိုင်း၏စိတ်ထဲတွင် လတ်ဆတ်နေပေသေးသည်။

ကောင်းကင်ကိုပင် တုန်ခါစေသော ထိုတိုက်ခိုက်မှုက လူတိုင်း၏စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေခဲ့သည်။

ယခုအချိန်မှသာ လူသားမျိုးနွယ်တွင် ကောင်းကင်ဘုံကျော်လွှားခြင်း ဒီဗိုင်းဘုရင်နှင့် နှိုင်းယှဥ်နိုင်သော တည်ရှိမှုတစ်ခု ရှိနေသေးကြောင်း လူသားမျိုးနွယ်၏ သိုင်းပညာရှင်များက သိရှိသွားခဲ့ကြသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now