Ch 1531 - 1533

86 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 109

Chapter-4

(တစ်ခုခု မှားနေတယ်)

ငါးဆင့်မြောက် ကာကွယ်သူ၏ခွန်အားကို ပါ့ထူထက် ပိုမိုရှင်းလင်းစွာ သိရှိသူ ဤနေရာတွင် မရှိပေ။

အကယ်၍ ယီယွမ်က ငါးဆင့်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင် သံသယဝင်စရာ တစ်ခုခု ရှိနေသည်ဟု သူက အမှန်တကယ် သံသယဝင်မိပေလိမ့်မည်။

ဤအချိန်တွင် တိဖန်းက အနားယူနေခဲ့ပြီး ဆက်လက်စိန်ခေါ်ရန် ပြင်ဆင်နေခဲ့သည်။

အဆင့်တစ်ဆင့် ကျော်ဖြတ်ပြီးသွားပြီးနောက် ထိုနယ်မြေက သိုင်းပညာရှင်ကို
ခွန်အားပြန်လည်ရရှိလာစေရန် အလိုအလျောက် ကူညီပေးပေလိမ့်မည်။ တစ်နာရီ၏ လေးပုံတစ်ပုံမျှသာ အချိန်ယူရန်လိုအပ်ပြီး စိန်ခေါ်သူက သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။

ထူးကဲသစ်ခွ သားတော်ခြောက်ဦးမှ အခြားနှစ်ယောက်က လက်ရှိအချိန်တွင် ခြောက်ဆင့်မြောက် ကာကွယ်သူများနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။

ကြည့်ရသည်မှာ ထိုအခြေအနေက သူတို့၏ စွမ်းအားများကို အလွန်အကျွံ ထုတ်သုံးနေရပုံ ပေါ်နေခဲ့သည်။

ဤအချိန်တွင် ရှုံးနိမ့်လာခဲ့သော ထူးကဲသစ်ခွ သားတော်ခြောက်ဦးမှ နှစ်ယောက်ကလည်း အပြင်သို့ ပြန်ပို့ခံလိုက်ရပေ၏။ ပါ့ထူက ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်း မြင်လိုက်ရ၍ သူတို့က အလွန်အံ့ဩသွားမှုကို ထိန်းချုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။

"ပါ့ထူ… မင်းက တကယ်ပဲ ဒီလောက်မြန်မြန်ကြီး ရှုံးနိမ့်သွားခဲ့တာလား….." တစ်ယောက်က မေးမြန်းခဲ့သည်။

ပါ့ထူ၏ ခွန်အားက သူတို့ခြောက်ယောက်အနက် အလယ်အလတ်အဆင့်တွင် ရှိပေ၏။ ယေဘုယျကျကျ ပြောရမည်ဆိုလျှင် သူက အလွန်မြန်ဆန်စွာ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။

ပါ့ထူက ခေါင်းညိတ်၍ ပြောဆိုခဲ့သည်။ "ငါက အနိုင်ရလိုစိတ် လွန်ကဲလွန်းသွားခဲ့တယ်… သတိလက်လွတ် ဖြစ်သွားတဲ့ အခိုက်အတန့်မှာ ငါက ရှုံးနိမ့်သွားခဲ့တာပဲ… ဒါပေမဲ့ တကယ်လို့ ငါက ပိုပြီးကြိုးစားခဲ့ရင်တောင် အဲဒါကလည်း အသုံးမဝင်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ငါက ခြောက်ဆင့်မြောက်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးလေ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now