Ch 1170 - 1172

96 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 85

Chapter-7

(ငါက လောကကြီးမှာရှိတဲ့ သက်ရှိတွေအားလုံးထက် ပိုအဆင့်မြင့်သွားရင်တောင် ဘာအသုံးဝင်တော့မှာလဲ)

"မင်း… လာစမ်း… သိုလှောင်လက်စွပ်ရဲ့ ပိုင်ဆိုင်မှုစည်းတံဆိပ်ကို ဖယ်ရှားလိုက်… ပြီးရင် ထွက်သွားကြတော့… လရောင်မြို့တော်က အပြင်လူတွေကို ဝင်ထွက်ခွင့်မပြုတဲ့ အခြေအနေကိုရောက်နေပြီ… ဘယ်သူမှ မဝင်ရဘူး….."

လရောင်မြို့တော်၏ အပြင်ဖက်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ ထွက်လာသော တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ထိုသို့ခြိမ်းခြောက်ခံလိုက်ရသည်။

ထိုသိုင်းပညာရှင်က ခြိမ်းခြောက်ပြောဆိုသည့်စကားကို ကြားလိုက်ချိန်၌ အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး ပြောဆိုလိုက်သည်။ "မင်းတို့တွေအားလုံးက  လရောင်မြို့တော်ကလူတွေ မဟုတ်ကြဘူး… မင်းတို့တွေက ဘယ်သူတွေလဲ… မင်းတို့က ဒီနေရာမှာ ဓားပြတိုက်လုယက်နေတာပဲ….."

ခြိမ်းခြောက်စကားပြောဆိုခဲ့သော စစ်သည်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။ "ဓားပြတိုက်လုယက်တော့ရော ဘာဖြစ်လဲ… လရောင်မြို့တော်က အဆုံးသတ်သွားပြီ… အခုအချိန်ကစပြီးတော့ မဟာရှန်းနယ်မြေမှာ ကျယ်ပြန့်သောနေမင်းမြို့ပဲ ရှိတော့မယ်… လရောင်မြို့တော် မရှိတော့ဘူး… အဲဒီမှာရှိတဲ့ အလောင်းတွေကို မြင်လား… သူတို့ပိုင်ဆိုင်တဲ့ သိုလှောင်လက်စွပ်တွေကို မပေးအပ်တဲ့သူတွေက ခြွင်းချက်မရှိ အသတ်ခံရမယ်….."

ထိုစစ်သည် ညွှန်ပြလိုက်သော နေရာသို့ ကြည့်လိုက်ချိန်တွင် ခြိမ်းခြောက်ခံရသော  သိုင်းပညာရှင်က မျက်နှာပျက်သွားခဲ့သည်။

အပြင်ဘက်တွင် လူသေအလောင်းများက မြေပြင်ပေါ်၌ အစုလိုက်အပြုံလိုက် ရှိနေခဲ့ကြသည်။ သိုလှောင်လက်စွပ်များ မပေးအပ်လိုကြသည့်အတွက် အသတ်ခံလိုက်ရသော လူအများအပြားရှိနေပြီဖြစ်ကြောင်း သိနိုင်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now