Ch 1516 - 1518

87 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 108

Chapter-4

(ဂုဏ်ပြုပါတယ်။ ခင်ဗျားက နာမည်ပျက်စာရင်းထဲ ရောက်သွားပြီ)

ယီယွမ်ရှိရာမှ ထွက်လာပြီးနောက် မုန့်ချီ၏မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ရှိနေခဲ့သည်။

ဤရလဒ်မျိုး ထွက်လာလိမ့်မည်ဟု သူက ကြိုသိထားခဲ့ပေ၏။

သို့ရာတွင် ထိုအကြောင်းကို လာရောက်မေးမြန်းရန်အတွက် ခန်းမသခင်က သူ့ကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် သူကလည်း ရွေးချယ်စရာမရှိခဲ့ပေ။ သူက ယီယွမ်ထံသို့ လာရောက်၍
တစ်ချက်ကြိုးစားကြည့်ရန်သာ တတ်နိုင်ခဲ့ပေ၏။

ဤနှစ်ဝက်အချိန်အတွင်း ယီယွမ်၏လက်အောက်၌ မိစ္ဆာဆေးခန်းမက ကမ္ဘာတုန်စေသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် အချိန်အလွန်ကြာလာသည်အထိ လှုပ်ရှားခြင်း မရှိခဲ့သော သူ၏အဆင့်က အဆင့်တက်ရောက်မည့် လက္ခဏာများ အမှန်တကယ် ပြသလာခဲ့ကြောင်း ဤရက်များအတွင်း၌ မုန့်ချီက အရိပ်အမြွက် ခံစားနေမိခဲ့သည်။

ဤတွေ့ရှိရမှုက သူ့ကို အလွန့်အလွန် စိတ်လှုပ်ရှားသွားစေခဲ့၏။

မုန့်ချီက ဤအဆင့်တွင် ရပ်တန့်နေသည်မှာ နှစ်ပေါင်းတစ်သောင်း ကြာမြင့်သွားခဲ့ပြီဖြစ်သည်။

မုန့်ချီက သူ၏ အလားအလာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ ဤဘဝတွင် အဆင့်တက်ရန် မျှော်လင့်ချက် လုံးဝမရှိတော့ကြောင်း အစောကြီးကတည်းက သိထားခဲ့ပေ၏။

သို့သော် ယခုအချိန်တွင် သူ့အတွက် ဒဏ္ဍာရီဆန်သော ကြယ်သုံးပွင့် မိစ္ဆာဆေးဖော်စပ်သူ အဆင့်သို့ ချိုးဖျက်တက်ရောက်ရန် သူက အမှန်တကယ် မျှော်လင့်ချက်ရှိနေခဲ့သည်။ သူက မည်သည့်အတွက် အကြီးအကျယ် စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။

သို့သော် သူက အဆင့်တက်နိုင်သော မျှော်လင့်ချက် ရှိလာခဲ့ခြင်းမှာ ယီယွမ်၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now