1465 - 1467

113 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 104

Chapter-13

(စိတ်အားငယ်သွားသော ဝမ်စုန့်)

"သန်မာလွန်းတယ်… စောစောက ဘာဖြစ်သွားတာလဲ… ငါ့မျက်စိရှေ့မှာ မှုန်ဝါးသွားသလို ခံစားလိုက်ရပြီးတော့ ကျားချုံးက ပေါက်ကွဲသွားခဲ့တယ်….."

"အဲဒီကျားချုံးကလည်း ကောင်းကင်ဘုံမြင်ယောင်ခြင်း နတ်တန်ခိုးရှင်အဆင့်ပဲ… ပြီးတော့ သူက ဒီတစ်ကြိမ် ဝင်ခွင့်စစ်ဆေးခြင်းရဲ့ ဒုတိယနေရာပိုင်ရှင်ပဲလေ… ဘာကြောင့် သူတို့ကြားမှာရှိတဲ့ ကွာခြားချက်က တော်တော်ကြီးမားနေရတာလဲ….."

"ဒီဆယ်နှစ်အတွင်းမှာ ယီယွမ်နဲ့ပတ်သက်ပြီးတော့ ဘာသတင်းမှ မကြားခဲ့ရဘူး… သူပြန်ရောက်လာတဲ့ အခိုက်အတန့်မှာ သူ့ရဲ့ခွန်အားက ပိုပြီးတော့ ကြောက်စရာကောင်းလာမယ်လို့ ငါထင်မထားခဲ့ဘူး….."

"ဒါပေမဲ့ တကယ်လို့ သူ့ရဲ့ခွန်အားက ပိုပြီးမြင့်မားလာခဲ့ရင်တောင် ဝမ်စုန့်ရဲ့ပြိုင်ဖက် မဖြစ်နိုင်ဘူး မဟုတ်လား… ဘယ်လိုပဲဖြစ်ဖြစ် ဝမ်စုန့်က အတွင်းစည်းရဲ့ ထူးချွန်သူတစ်ယောက်ပဲလေ… ပြီးတော့ သူက ကောင်းကင်ဘုံမြင်ယောင်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေခဲ့ပြီလေ… ယီယွမ်ထက် အဆင့်သေးနှစ်ဆင့် ပိုမြင့်တာပဲ….."

………

ကြည်လင်လေ စားသောက်ဆိုင်၏ စီးပွားရေးက ကောင်းမွန်ပေသည်။ ယီယွမ်၏ လက်သီးချက်က တံခါးကို ပျက်စီးသွားစေခဲ့ပြီး အကြီးအကျယ် ပွက်လောရိုက်သွားခဲ့၏။ ပုံမှန်အားဖြင့် လူအုပ်ကြီးတစ်အုပ်က ဝန်းရံစောင့်ကြည့်နေခဲ့ကြသည်။

တစ်ဖက်တွင် ကွေယွင်က အစွမ်းထက်သော ကောင်းကင်ဘုံမြင်ယောင်ခြင်း ပြည့်စုံခြင်းအဆင့် သိုင်းပညာရှင်သုံးယောက်ကို သူတစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေခဲ့ပြီး အရေးနိမ့်နေသော အနေအထားသို့ အနည်းငယ်မျှပင် ကျရောက်မသွားခဲ့၍ လူတိုင်းက အံ့ဩစွာဖြင့် လျှာကိုက်မိသွားခဲ့ကြပေ၏။

သူတို့လေးယောက်၏ တိုက်ပွဲကြီးက အခန်းတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်စေခဲ့ပြီး ကြည်လင်လေစားသောက်ဆိုင်၏ ထောင့်တစ်နေရာကို ပျက်စီးစေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now