Ch 1143 - 1145

121 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 83

Chapter-10

(ဖီးနစ်ကိုးကောင်ကျွန်း)

ကျောက်ချမ်းက ယီယွမ်ကို အရိုအသပေးလိုက်ပြီး ကျေးဇူးတင်စွာပြောဆိုလိုက်၏။ "သခင်လေးယီရဲ့ အသက်ကယ်ဆယ်ပေးမှုကို ကျေးဇူးအများကြီးတင်ပါတယ်… ဒီနိမ့်ကျတဲ့မိန်းကလေးက ကျေးဇူးတင်လို့မဆုံးပါဘူး….."

အကြီးအကဲထန်နှင့် အခြားအကြီးအကဲအားလုံးကလည်း ယီယွမ်ကို ဂါရဝပြုအရိုအသေပေးပြီး ပြောဆိုလိုက်သည်။ "ဒီနေ့ သခင်လေးကျိကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီအဖိုးကြီးတွေက ဒီနေရာမှာ သေဆုံးသွားရတော့မှာပါ….."

အကြီးအကဲထန်နှင့် ကျောက်ရှင်းချန်က သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။ ထို့ကြောင့် သူက အတိတ်ဘဝတွင် ကျိချင်ယန်ကို မြင်တွေ့ဖူးခဲ့ပေ၏။ သို့ဖြစ်၍ သူက ယီယွမ်ကို သခင်လေးကျိဟု ဆက်လက်ခေါ်ဆိုနေခြင်းဖြစ်သည်။

ယီယွမ်က သူ၏လက်ကိုခါယမ်း၍ အသာအယာပြုံးပြီး ပြောဆိုလိုက်သည်။ "အားလုံးက မိတ်ဟောင်းဆွေဟောင်းတွေပဲ… အားလုံးပဲ... အခုလိုမျိုး ယဥ်ကျေးနေဖို့မလိုပါဘူး… ဒါနဲ့ မိန်းကလေးချမ်းအာက ငြိမ်သက်နေမင်းမြို့ကို ဘာကိစ္စနဲ့ ရောက်လာခဲ့တာလဲ….."

ကျောက်ချမ်း၏ မျက်နှာအမူအရာက ဝမ်းနည်းသွားဟန်ပေါ်လာခဲ့ပြီး ပြောဆိုလိုက်သည်။ "ဒီနှစ်တွေမှာ ချမ်းအာက အဖေ့ကို ရှာဖွေဖို့အတွက် အဖေ့ရဲ့ ခြေရာလက်ရာ သဲလွန်စတွေကို လိုက်ပြီးစုံစမ်းနေခဲ့ပါတယ်… လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီနေရာမှာရှိတဲ့ ငြိမ်သက်နေမင်းဌာနခွဲကနေ သတင်းပို့လာခဲ့တယ်… အဖေက ငြိမ်သက်နေမင်းမြို့ ပိုင်နက်အတွင်းမှာ
နောက်ဆုံးပျောက်ကွယ်သွားခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်… ဒါကြောင့် ချမ်းအာက အကြီးအကဲတွေကိုခေါ်ပြီးတော့ လာရောက်စုံစမ်းခဲ့တာပါ… ကျွန်မတို့ကို ဝန်းရံပိတ်ဆို့ခံခဲ့ရမယ်လို့ တကယ်ထင်မထားခဲ့မိဘူး….." 

ယီယွမ်က မျက်မှောင်ကုတ်၍ ပြောဆိုလိုက်သည်။ "ဒီငြိမ်သက်နေမင်းမြို့က အဆင့်နှစ်တော်ဝင်မြေ တစ်ခုပဲလေ… အစ်ကိုကျောက်က ဒီနေရာကို ဘာလာလုပ်တာလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now