Book 112 , Ch 1 to 3 (or ) Ch 1752 - 1754

66 3 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(112)

Chapter-1

(ခင်ဗျားကို ကူညီပြီး တပည့်တွေကို သင်ကြားပေးမယ်)

ငွေလကြယ်အငူဆေးလုံးကို ဖော်စပ်ရန်ခက်ခဲမှုက အလယ်အလတ်အဆင့် ခက်ခဲမှုဟု သတ်မှတ်နိုင်ပေသည်။ ထိုဆေးလုံးက ကောင်းကင်သွေးကြောနှလုံးသား ဆေးလုံးထက် ဖော်စပ်ရန် အနည်းငယ် ပိုမိုလွယ်ကူပေ၏။

ရွှမ်ယု၏ စွမ်းအားဖြင့် ထိုဆေးလုံးကိုဖော်စပ်ရာတွင် အချိန်အများကြီး မလိုအပ်ခဲ့ပေ။

လေးနာရီကျော် ကြာမြင့်သွားပြီးနောက် ငွေလကြယ်အငူဆေးလုံး ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။

ရှောင်ဖုန့်က ချီးကျူးပြောဆိုလိုက်၏။ "ဆရာသခင်ရွှမ်ယုက ဆေးမျှော်စင်ရဲ့ ဒုတိယအကြီးအကဲ ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်တာပဲ… ဒီစကြဝဠာကူးပြောင်းလက်က တကယ်ကို အဆင့်မြင့်လွန်းတယ်… ဒီငွေလကြယ်အငူဆေးလုံးက အနိမ့်ဆုံးအနေနဲ့ သာလွန်အဆင့်မှာ ရှိနေလောက်တယ်….."

ရွှမ်ယုက ရယ်မောပြောဆိုခဲ့သည်။ "ဒီအဖိုးကြီးက အရည်အချင်းမပြည့်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြသမိခဲ့တယ်… ဆရာသခင်ယီက အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲဆိုတာကို သိလို့ရမလား….."

ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။ "ကျုပ်ခန့်မှန်းကြည့်သလောက်ဆိုရင် အဆင့်မီရုံလောက်ပဲ… အသေးအဖွဲ အချက်အလက်လေး အချို့ကတော့ မလုံလောက်သေးဘူး… ဒါပေမဲ့ နတ်အဆင့်ကိုရောက်ဖို့ လုံလောက်တယ်ဆိုရုံတော့ လုံလောက်မှာပါ….." 

ထိုစကားကိုနားထောင်ရင်း ရှောင်ဖုန့်၏ မျက်နှာကြွက်သားများက အကြီးအကျယ် တွန့်သွားခဲ့သည်။

ဆရာသခင်ရွှမ်ယုကို အခုလိုပုံစံမျိုးနဲ့ ချီးကျူးရဲတာက ယီယွမ်တစ်ယောက်တည်း ဖြစ်နိုင်လောက်တယ်မလား…..

သို့သော် နင်စစ်ယွီက ရွှတ်နောက်နောက်ပြုံး၍ ပြောဆိုခဲ့၏။ "ဆရာ… စောစောလေးတုန်းက ဆရာ့ကို သူက လုံးဝအသုံးမကျတဲ့ အခြေအနေမျိုးအထိ အပြစ်ပြောနေခဲ့တာပါ… စောစောက သူပြောခဲ့တဲ့
စကားတွေအရဆိုရင် ဆရာက လိုအပ်ချက် နည်းနည်းလေးပဲရှိတာ မဟုတ်ပါဘူး… ဆရာက ဆေးလုံးတွေကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ မသိဘူးလို့ ပြောခဲ့တဲ့ပုံစံပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz