Ch 1280 - 1282

104 11 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 92

Chapter-10

(မဟာတာအို ဆေးဖော်စပ်မှု)

"အစ်ကိုကြီးယွမ်….."

"အစ်ကိုကြီး….."

"ဆရာ….."

………

အော်ဟစ်သံအများအပြားက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး ထိုအသံများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာ နဂါးဧကရာဇ်ဆေးအိုးက မိုးကောင်းကင်တာအို၏ ဖိအားကို အမှန်တကယ် တောင့်ခံနိုင်ခြင်းမရှိဘဲ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

နဂါးဧကရာဇ်ဆေးအိုး၏ အပိုင်းအစများက နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။ ကြီးမားလွန်းသော သက်ရောက်မှုအားက လူတိုင်းထံသို့ ဝင်ရောက်လာခဲ့၏။

ခွန်းဝူက လက်တစ်ဖက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်း၍ ထိုအပိုင်းအစများကို ရှင်းလင်းဖယ်ရှားလိုက်သည်။

သို့သော် ဤအရာက အရေးအပါဆုံးအရာ မဟုတ်ပေ။

အရေးအပါဆုံးအရာမှာ ဆေးအိုးက ပေါက်ကွဲသွားပြီဖြစ်၍ ယီယွမ်က မည်သို့ဆေးဖော်စပ်ရမည်ဟူသော ကိစ္စပင် ဖြစ်သည်။

သူတို့က အာရုံစိုက်၍ ကြည့်လိုက်ကြချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့်  အလွန်အံ့ဩသွားခဲ့ရသည်။

ယီယွမ်၏ရှေ့တွင် ထိုက်ချီပုံတစ်ခု ဖွဲ့စည်းဖြစ်ပေါ်နေခဲ့သည်။

ထိုက်ချီပုံ၏ အလယ်ဗဟိုတွင် ဆေးလုံးကနဦးအဆင့် ကိုးခုက သန့်စင်ခြင်းစန္ဒကူး ထွတ်မြတ်မီးတောက်၏ အရည်ဖျော်ခြင်းကို ခံနေခဲ့ရသည်။

ထိုထိုက်ချီပုံက အလွန့်အလွန် နက်နဲလှပေ၏။ ယီယွမ်က ဆေးပညာရပ်များကို ဆက်လက်ထုတ်ဖော်နေဆဲဖြစ်ပြီး နဂါးဧကရာဇ်ဆေးအိုး၏ ပျက်စီးမှုကြောင့် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပေ။

လက်ရှိအချိန်၌ ယီယွမ်က အလွန့်အလွန် သိမ်မွ့နက်နဲသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now