Book(100)Ch 1-3(or)Ch 1393 - 1395

99 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(100)

Chapter-1

(ရူးသွားသော ဖက်တီးလေး)

ထိုစကားကိုကြားရသည်မှာ အလွန်အမင်း အပေါ်ယံဆန်သည်ဟု ထင်ရသော်လည်း ယီယွမ်ပြောခဲ့သည်က  အမှန်တရားပင် ဖြစ်ပေ၏။

ပုံမှန်အားဖြင့် ဆရာဖန်းကလည်း ထိုကိစ္စကို မယုံကြည်ခဲ့ပေ။ သို့ရာတွင် သူက ထပ်မံလေ့လာစစ်ဆေးရန်အတွက် ပထမအလွှာသို့ ပြန်ဝင်သွားခဲ့သော်လည်း ထူးဆန်းနေသော   မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ အရာရာတိုင်းက ပုံမှန်အတိုင်း ရှိနေခဲ့၏။

ထိုအရာက မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု ခံစားခဲ့ရသော်လည်း  ဤကိစ္စကို အဆုံးသတ် အကြောင်းရင်းမရှိဘဲ အဆုံးသတ်လိုက်ရန်သာ တတ်နိုင်ခဲ့ပေ၏။

ယီယွမ်က အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည်။   ဆယ်ရက်ခန့် အနားယူပြီးနောက် ဓားသင်္ချိုင်းသို့ နောက်တစ်ကြိမ်  ထပ်မံဝင်ရောက်ရန် ယီယွမ်က စီစဥ်ထားခဲ့၏။

သူက ဓားသင်္ချိုင်းအတွင်းမှ ထွက်လာခဲ့သည့်အချိန်၌ အကယ်ဒမီမှ ကျောင်းသားများက  
စိတ်လှုပ်ရှားနေခဲ့ကြကြောင်း  ယီယွမ်က ရုတ်တရက် တွေ့ရှိသွားခဲ့၏။ လူတိုင်းက အကယ်ဒမီမှ ထွက်ခွာနေခဲ့ကြသည်။

"ဟဲဟဲ… ဒီလိုဖြစ်လာမယ်လို့ ငါတကယ်မျှော်လင့်မထားခဲ့ဘူး… ဝူမုန့်မြို့ကြီးမှာ ချင်မိသားစုရဲ့ ပါးသိုင်းမွေးကို သွားဆွဲရဲတဲ့လူတစ်ယောက် တကယ်ရှိနေတာပဲ… သူက အသက်ရှင်ရတာ ငြီးငွေ့နေလို့လား….."

"မိစ္ဆာမချင်ဖေးယွီကို ပြန်ပေးဆွဲတာမျိုး လုပ်ဆောင်ဖို့  အဲဒီငနဲက တကယ်တွေးမိခဲ့တာပဲ… အဲဒီငနဲနဲ့ ချင်မိသားစုအကြားမှာ ရန်ငြိုးက ဘယ်လောက်အထိ ကြီးမားနေတာလဲ… တကယ်လို့ သူက ပြန်ပေးဆွဲရင်လည်း လူမသိအောင် ပြန်ပေးဆွဲလိုက်ပေါ့… ဒါပေမဲ့ သူက ချင်ဖေးယွီကို ဝူမုန့်ကွင်းပြင်ဆီ ဆွဲခေါ်လာပြီးတော့ ရိုက်နှက်ချင်နေသေးတယ်… ဒါက ချင်မိသားစုကို အဆုံးစွန်အထိ ဆန့်ကျင်နေတာ မဟုတ်ဘူးလား….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now