Ch 1237 - 1239

92 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  89

Chapter-13

(ဝေ့ချန်းနှင့်တိုက်ခိုက်ခြင်း)

"အချိန်တွေတော်တော်ကြာနေပြီကို သူတို့က ပြန်မလာကြသေးဘူး… သူတို့က အကုန်သေသွားကြတာတော့ မဟုတ်လောက်ပါဘူးနော်….."

ယီယွမ်နှင့်အခြားလူများ ပြန်မလာကြသေးသည်ကို မြင်ချိန်တွင် ကျူးကော့ချင်ရွှမ်က အလိုအလျောက်ပင် မျက်မှောင်ကုတ်လာခဲ့၏။

လူအိုကြီးဟန်က ပြောဆိုလိုက်သည်။ "ဒီပျက်စီးဝိညာဥ်ကုန်းမြင့်က တော်တော်လေးကို ထူးခြားနေတယ်… အတိတ်တုန်းကတော့ ဒီနေရာက ဘာမှအရေးမပါတဲ့ သာမန်တောင်တစ်လုံးပဲ…  အခုတော့ မင်းနဲ့ငါတောင် အပေါ်ကနေ ပျံသန်းသွားလို့မရတော့ဘူး….." 

"နတ်ဘုရားတာအိုနဲ့ ပတ်သက်တဲ့အရာတွေ ထွက်ပေါ်လာတယ်ဆိုတာ သေချာတယ်… ဒီဓားစာခံရှေ့ပြေးတွေက တကယ်ကို အသုံးမကျဘူး… တစ်ယောက်တစ်လေတောင် ပြန်ရောက်မလာနိုင်ခဲ့ဘူး….." ကျူးကော့ချင်ရွှမ်က မကျေမနပ်လေသံဖြင့် ပြောဆိုလိုက်သည်။

လူအိုကြီးဟန်က သူ့ကို တစ်ချက်ကြည့်၍ ပြောဆိုလိုက်သည်။ "စောစောလေးက စကားထွက်ပြောတဲ့ ကောင်လေးက တော်တော်ထူးဆန်းနေတယ်လို့ မင်းကခံစားရသေးလား….."

သို့သော် တစ်စုံတစ်ရာ လွဲချော်နေသည်ဟု ကျူးကော့ချင်ရွှမ်က မခံစားခဲ့ရပေ။ သူက မောက်မာဝင့်ကြွားသော စိတ်နေစိတ်ထားရှိသူပင် ဖြစ်သည်။ သူက ပုရွက်ဆိတ်များကို အာရုံစိုက်ခြင်းမရှိပေ။

မဟာဒီဗိုင်းဘုရင်ဆယ်ဦး အတွင်း၌ပင် သူအာရုံစိုက်သောလူက တစ်ယောက်နှစ်ယောက်မျှသာ ရှိပေသည်။

သို့ဖြစ်၍ အတိတ်တွင် ယီယွမ်က သူ့အား ရန်စစော်ကားခဲ့ချိန်၌ ကျူးကော့ချင်ရွှမ်က အလွန်အမင်း မကျေမနပ်ဖြစ်ခဲ့မိခြင်း ဖြစ်ပေသည်။

သူ၏အမြင်စွမ်းရည်အရ မဟာဒီဗိုင်းဘုရင်ဆယ်ဦးပင် သူ၏ ရှေ့မှောက်တွင် ဟန်ဆောင်ဖုံးကွယ်ရန် လုံးဝမဖြစ်နိုင်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now