Ch 1402 - 1404

94 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 100

Chapter-10

(မျှော်လင့်မထားသော)

"ဘယ်လောက်အထိ အစွမ်းထက်တဲ့ ဓားသိုင်းတစ်ခုလဲ….."

"အ… အစွမ်းထက်လွန်းတယ်… ယီယွမ်ရဲ့ အော်ရာအရှိန်အဝါက ချင်ရှောက်ထက် နည်းနည်းလေးတောင်  မနိမ့်ကျတော့ဘူးပဲ….."

"ဒါပေမဲ့ ယီယွမ်က နက်နဲခြင်းဂူ  နှောင်းပိုင်းအဆင့်ကို အခုမှတက်ရောက်လာတာလေ… သူက ဘယ်လိုလုပ်ပြီးတော့ အခုလိုမျိုး အစွမ်းထက်တဲ့ ဓားသိုင်းတစ်ခုကို ထုတ်ဖော်ပြသနိုင်တာလဲ….."

………..

"ဖြိုခွင်းခြင်းကြယ်များ" ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ကြသည်။

ချင်နန်ထျန်းက ရုတ်တရက်ပင် မတ်တတ်ထရပ်လိုက်ပြီး ယီယွမ်ကိုကြည့်နေသော သူ၏အကြည့်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

"မဟာကြွေးကြော်သံ ဓားဟင်းလင်းပြင်က ဝူမုန့်အကယ်ဒမီရဲ့ အန္တိမပညာရပ်တစ်ခုပဲ… စွမ်းအားကလည်း အထွတ်အထိပ် သိုင်းပညာရပ်တစ်ခု ဖြစ်နေလို့ ပြောပြစရာတောင်မလိုဘူး… သူ့ရဲ့ ဒီသိုင်းကွက်က ဘယ်နေရာကနေ ရောက်လာတာလဲ….." ချင်နန်ထျန်းက တင်းမာနေသောလေသံဖြင့် ပြောဆိုလိုက်၏။

ချီဖန့်၏ အံ့အားသင့်မှုကလည်း ချင်နန်ထျန်း၏ အံ့အားသင့်မှုထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိခဲ့ပေ။

သူ၏အမြင်တွင် ယီယွမ်က မှော်ဆေးပညာတာအို၌ ထိတ်လန့်စရာကောင်းအောင် အစွမ်းထက်နေခြင်းမျှသာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ခွန်အားက မည်သို့အစွမ်းထက်စေကာမူ အလွန်သန်မာလိမ့်မည် မဟုတ်ပေ။

တစ်လျှောက်လုံးတွင် ယီယွမ်က  အသင်္ချေရတနာမျှော်စင်၏ အကာအကွယ်အောက်၌ အမြဲတမ်းနေထိုင်နေခဲ့သည်။ ယီယွမ်က ကိုယ်တိုင်တိုက်ခိုက်သည်ကို မည်သူကမှ မမြင်ဖူးခဲ့ကြပေ။

သူက တိုက်ခိုက်ခဲ့သော အခိုက်အတန့်တွင် ထိုတိုက်ခိုက်မှုက ကမ္ဘာတုန်စေလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ကြပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now