Ch 1252 - 1255

93 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 90

Chapter-13

(အောင်းလီ)

လိပ်နက်ကလန်၏ အကြီးအကဲချုပ်က ရုတ်တရက်ပင် တစ်စုံတစ်ရာကို တွေးလိုက်မိပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ "မင်း… စောစောလေးက… အဲဒါက လိပ်နက်ရတနာခန္ဓာ နတ်ဘုရားပညာလား….."

စောစောလေးတွင် ယီယွမ်၏ ခန္ဓာကိုယ်ပေါ်၌ မြေဝါရောင်အလင်းလွှာတစ်ခု ထွက်ပေါ်နေခဲ့ကြောင်း သူက ထင်ထင်ရှားရှား မြင်တွေ့ခဲ့သည်။ ထိုသို့သော လက္ခဏာမျိုးက လိပ်နက်ကလန်၏ ပျောက်ဆုံးနေသော လိပ်နက်ရတနာခန္ဓာ နတ်ဘုရားပညာနှင့် တစ်ထပ်တည်း တူညီနေခဲ့သည်။

အကယ်၍ စောစောလေးတွင်  ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးကသာ  ထွက်ပေါ်လာခြင်းမရှိခဲ့လျှင် လိပ်နက်ကလန်၏ အကြီးအကဲချုပ်က ထိုကိစ္စအကြောင်း တွေးပင်တွေးရဲမည် မဟုတ်ပေ။

သို့သော် လုံယန်က အကြီးအကျယ် အံ့ဩသွားခဲ့ပြီး ပြောဆိုလိုက်သည်။ "ခန်းယို… မင်းက ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ… မင်းတို့ လိပ်နက်ကလန်ရဲ့ လိပ်နက်ရတနာခန္ဓာ နတ်ဘုရားပညာရပ်က ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်းတစ်သန်း ကြာမြင့်သွားခဲ့ပြီမဟုတ်လား… ဒီကောင်လေးက အဲဒီပညာရပ်ကို ဘယ်လိုလုပ်ပြီးတော့ တတ်မြောက်နိုင်မှာလဲ….."

သို့ရာတွင် ယီယွမ်က အသာအယာပြုံး၍ ပြောဆိုလိုက်သည်။ "ခင်ဗျားက တော်တော်လေးကို ဗဟုသုတရှိတာပဲ… ဟုတ်တယ်… အဲဒါက လိပ်နက်ရတနာခန္ဓာ နတ်ဘုရားပညာပဲ….."

လိပ်နက်ကလန် အကြီးအကဲချုပ်၏ မျက်နှာအမူအရာက ချက်ချင်းပင် အလွန်အမင်း တက်ကြွလာခဲ့ပေသည်။

ဤပညာရပ်၏ စွမ်းအားအကြောင်းကို ထပ်မံပြောဆိုရန် မလိုအပ်ပေ။ တစ်စုံတစ်ယောက်ကသာ နတ်ဘုရားတာအို နဝမအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့လျှင် ဤလောကရှိ မည်သူကမှ သူ၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။

မူလဇာစ်မြစ်နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပင် ထိုခုခံကာကွယ်မှုကို ချိုးဖျက်နိုင်စွမ်းမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now