1477 - 1479

91 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 105

Chapter-10

(ချောက်ကမ်းပါးမှ ခုန်ချခြင်း)

တောအုပ်ထူထူတစ်ခုအတွင်း၌ လူနှစ်ယောက်က လက်ရှိအချိန်တွင် မြန်ဆန်သောအရှိန်နှုန်းဖြင့် တောအုပ်ကို ဖြတ်သန်းနေခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လင်းဖုန့်က ယီယွမ်ကိုစမ်းသပ်ရန် ရည်ရွယ်၍ သူ၏ခြေလှမ်းများကို တမင်တကာ အရှိန်မြှင့်ခဲ့သည်။

တောအုပ်ထူထူအတွင်း၌ ဖြတ်သန်းသွားလာချိန်တွင် ခြေလှမ်းသိုင်းပညာရပ်သာ မြန်ဆန်ခြင်းက အသုံးမဝင်ပေ။ သိုင်းပညာရှင်၏ အခြေအနေကိုလိုက်၍ တုံ့ပြန်နိုင်မှုအတွက်လည်း လိုအပ်ချက် အလွန့်အလွန် မြင့်မားပေသည်။

လင်းဖုန့်တို့က ဤနယ်မြေတွင် တစ်ချိန်လုံး ကင်းလှည့်နေခဲ့ကြ၍ ဤနေရာ၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့် အလွန်ရင်းနှီးပေသည်။ သို့ဖြစ်၍ သူ၏အမြန်နှုန်းကလည်း မြန်ဆန်နေခဲ့သည်။

သူက သူ၏အမြန်နှုန်းကို အကန့်အသတ်အထိ ထုတ်ဖော်အသုံးပြုပြီး လမ်းတစ်လျှောက်လုံးတွင် အရှိန်လျှော့ခြင်းမရှိဘဲ ပြေးလွှားနေခဲ့သည့်အတွက် သူ၏စိတ်ထဲတွင် ယီယွမ်ကို အကွာအဝေးတစ်ခု ချန်ထားခဲ့ပြီးမှသာ သူ၏ခြေလှမ်းများကို နှေး၍ စောင့်ဆိုင်းပေးမည်ဟု တွေးထားခဲ့ပေသည်။

သို့သော် သူက နောက်လှည့်ကြည့်လိုက်ချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားခဲ့ရ၏။

ယီယွမ်က သူ၏နောက် မလှမ်းမကမ်းတွင် တစ္ဆေတစ်ကောင်သဖွယ် တစ်ချိန်လုံး လိုက်ပါလာခဲ့သည်။

ထိတ်လန့်တုန်လှုပ်မှုက အသေးအဖွဲ မဟုတ်ပေ။

စောစောလေးတွင် သူက ယီယွမ်၏ တည်ရှိမှုကို အာရုံခံမိခြင်း လုံးဝမရှိခဲ့ပေ။

အကယ်၍ ယီယွမ်ကသာ သူ့ကို နောက်ကျောမှ ဓားတစ်ချက် ထိုးခဲ့မည်ဆိုလျှင် ယခုအချိန်တွင် သူက အလောင်းတစ်လောင်း ဖြစ်နေပေလိမ့်မည်။

လင်းဖုန့်၏ မျက်နှာအမူအရာကိုမြင်သော် ယီယွမ်က ပြုံး၍ ပြောဆိုလိုက်သည်။ "ကျုပ်ရဲ့ ခြေလှမ်းသိုင်းပညာရပ်က အဆင်ပြေပါတယ် ခင်ဗျားကို အရှိန်မနှေးစေရပါဘူးလို့
အရင်တုန်းက ကျုပ်ပြောခဲ့ပါတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now