Book 107 Ch 1 - 3 ( or ) Ch 1498 - 1500

130 9 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(107)

Chapter-1

(သွေးရာမခန်းမ)

"ဘိုးဘေးကြီးလေးယောက်က အင်မော်တယ်ဂရုကမ္ဘာကြီးရဲ့ နယ်မြေကာကွယ်ရေး နတ်သားရဲတွေဖြစ်တဲ့အပြင် အီးပေါလောအဖိုးကြီး အင်မော်တယ်ဂရုရဲ့ အရေးအပါဆုံး အဖော်အပေါင်းအပါတွေပဲ… အင်မော်တယ်ဂရုသေဆုံးပြီး သူ့ရဲ့တာအို ပျောက်ကွယ်သွားတယ်ဆိုတော့ သူတို့ရဲ့ အခြေအနေတွေကလည်း မကောင်းလောက်ဘူး… သူတို့ဘယ်ကိုသွားလဲဆိုတာတော့ ငါလည်းသေချာမသိဘူး… အတိတ်တုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ ငါ့ကို အဲဒီနယ်မြေဆီ အင်မော်တယ်ဂရုက ပြန်ပို့ပေးခဲ့တယ်… နောက်ပိုင်းအဖြစ်အပျက်တွေကို ငါက အများကြီးမသိတော့ဘူး….." 

ထိုအကြောင်းကို ပြောပြချိန်တွင် အမှုန်မဲ့၏ အမူအရာကလည်း စိတ်ဓာတ်ကျနေဟန် ပေါ်လာခဲ့သည်။

အတိတ်တွင် ဖြစ်ပျက်ခဲ့သော အရာက သာယာချောမွေ့သော မှတ်ဉာဏ်တစ်ခုမဟုတ်ကြောင်း သိသာထင်ရှားပေ၏။

"စီနီယာ… အတိတ်တုန်းက အဖြစ်အပျက်တွေကို အများကြီးပြန်တွေးမနေပါနဲ့… ကောင်းကင်အင်ပါယာ ကျို့ရှန့်ရဲ့ မျိုးဆက်ကို ကျွန်တော်က တစ်ယောက်မှ အလွတ်မပေးပါဘူး….." ယီယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုခဲ့သည်။

အမှုန်မဲ့က ယီယွမ်ကို ကြည့်လိုက်ပြီး စိတ်သက်သာရာရသွားဟန်ဖြင့် သူ၏အမူအရာက အနည်းငယ် တည်ငြိမ်သွားခဲ့ပေသည်။

ယီယွမ်က ယခုကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာခဲ့မည်ဆိုလျှင် အင်မော်တယ်ဂရုအတွက် လက်စားပြန်ချေခြင်းက မဖြစ်နိုင်သော အရာတစ်ခု မဟုတ်တော့ပေ။

အချိန်များကုန်ဆုံးလာခဲ့ပြီး ယီယွမ်က ကောင်းကင်နဂါးဓမ္မခန္ဓာ ကျင့်ကြံခြင်းပညာရပ်အတိုင်း သူ၏ ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့ရာ တိုးတက်မှု အလွန့်အလွန် မြန်ဆန်သည်ဟု အမှန်တကယ် ခံစားခဲ့ရ၏။

ယခင်က ရှိနေခဲ့သော အတားအဆီးခံစားချက်က အစအနမကျန်ဘဲ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now