Ch 1101 - 1103

106 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 80

Chapter-13

(အတုအယောင် ဓားနယ်မြေနှင့် ဓားနယ်မြေ တိုက်ပွဲ)

ယီယွမ်က ကောရှုကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ပြောဆိုခဲ့၏။ "အဲဒါကို အချိန်အကြာကြီး ထိန်းချုပ်ထားရမှာ မဟုတ်ဘူးလား….."

ထိုစကားကြောင့် ကောရှု၏ မျက်နှာက ရဲတွတ်သွားခဲ့သည်။

ကြည့်ရသည်မှာ ယီယွမ်က သူ၏အတွေးများကို အစောကြီးကတည်းက ရိပ်မိနေခဲ့ပုံရပေ၏။

ကောင်းကင်တိမ်တိုက်၏ စကားများက သူ၏စိတ်ကို ထိန်းချုပ်မထားနိုင်တော့အောင် ဖြစ်သွားစေခဲ့သည်။ အမှန်တကယ်တွင် သူ၏အမြင်၌ ယီယွမ်ကိုဖြေရှင်းရန်မှာ သူတစ်ယောက်တည်းနှင့်ပင် လုံလောက်နေပြီဖြစ်၏။ ဝိညာဥ်ခွေးဒီဗိုင်းဘုရင်ကို စေလွှတ်ရန် လုံးဝမလိုအပ်ပေ။

အကယ်၍ ယီယွမ်က ကောင်းကင်နှင့်လူသား ပေါင်းစည်းမှုအဆင့်ကို နားလည်ထားခဲ့လျှင်ပင် ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်ဖြစ်သော သူ့ရှေ့တွင် ထိုအရာက အလုပ်ဖြစ်မည်မဟုတ်ပေ။

အလွန်ဆုံးအနေဖြင့် အနည်းငယ် အခက်အခဲတွေ့ရုံမျှသာ ဖြစ်ပေလိမ့်မည်။

"မင်းက တိုက်ရဲလား မတိုက်ရဲဘူးလားဆိုတာပဲပြော….." ကောရှုက အေးစက်စွာ ပြောဆိုလိုက်၏။

ယီယွမ်က သူ့ကို အဖြေမပေးဘဲ ဝိညာဥ်ခွေးဒီဗိုင်းဘုရင်ကို ကြည့်လိုက်သည်။ ဝိညာဥ်ခွေးဒီဗိုင်းဘုရင်က စိတ်ပူခြင်းမရှိသော အမူအရာမျိုးဖြင့် တည်ငြိမ်စွာပင် ရှိနေခဲ့၏။ သူက ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက်ရှိပုံမရပေ။

"ကြည့်ရတာ မင်းကလည်း ငါ့ရဲ့လက်ရှိခွန်အားကို သိချင်နေတာနဲ့တူတယ်….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။

တစ်ချိန်လုံး စကားမပြောခဲ့သည့်
ဝိညာဥ်ခွေးဒီဗိုင်းဘုရင်က ထိုစကားကိုကြားချိန်တွင် စကားနှစ်လုံးသာ ပြောဆိုလိုက်၏။ "ဟုတ်တယ်….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now