Ch 1417 - 1419

97 7 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 101

Chapter-10

(အတွေးအခေါ်)

ချိုးရွှေရှန်းက တစ်စုံတစ်ရာပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း သူက မည်သည့်စကားကိုမှ အမှန်တကယ် မပြောနိုင်တော့ကြောင်း တွေ့ခဲ့ရပေသည်။

ကျင်းယုက လက်ဦးမှုရရှိထားသော အခြေအနေအောက်တွင်ပင် ယီယွမ်၏ အနိုင်ယူခြင်းကို ခံယူခဲ့ရသည်။

သူက ကျင်းယု၏ "ထွက်သွားသောချီပြန်လာခြင်း"ကို ခုခံဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် ယီယွမ်ကို ရင်ဆိုင်ရန်မှာ ပြောနေစရာပင် မလိုအပ်တော့ပေ။

ချိုးရွှေရှန်းက ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်တစ်ဦး ဖြစ်ပေသည်။ ကျင်းယုမှလွဲ၍ မြို့ကြီးပေါင်းတစ်ရာကျော်ရှိ အပြင်စည်းတပည့်များတွင် သူက မည်သူတစ်ဦးတစ်ယောက်ကိုမှ အလေးထားခြင်းမရှိပေ။

သို့သော် ယခုအချိန်တွင်မူ သူက ယီယွမ်နှင့်တိုက်ခိုက်ရန် အမှန်တကယ် သတ္တိမရှိတော့ပေ။

လမ်းကျဥ်းလေးတစ်ခုတွင် ဆုံတွေ့ချိန်၌ ရဲရင့်သူက အနိုင်ရရှိပေသည်။

စောစောလေးကကဲ့သို့ အခြေအနေအောက်တွင် လူတိုင်းက ပထမဆုံး သူတို့ကိုယ်သူတို့ မည်သို့ကာကွယ်ရမည်ကို စဥ်းစားကြပေလိမ့်မည်။

အနည်းဆုံးအနေဖြင့် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်အနည်းငယ် ရှိလာပေလိမ့်မည်။

သို့သော် ယီယွမ်က တုံ့ဆိုင်းခြင်းလုံးဝမရှိဘဲ ဓားချက်တစ်ချက်ကို ဤအတိုင်း ခုတ်ပိုင်းလိုက်ပေ၏။

ဤအချိန်တွင် ချိုးရွှေရှန်းက ချင်ရှောက်၏ စောစောလေးမှစကားများကို အလိုအလျောက် ပြန်တွေးမိသွားခဲ့သည်။

သူက ဆန်းကြယ်မှုများကို ဖန်တီးရန်အတွက် မွေးဖွားလာသူတစ်ယောက်ဖြစ်၏။

ယခင်က ချင်ရှောက်၏ စကားများကို အလွန်အထင်သေးနေခဲ့မိသည်။ သို့သော် ယခုအချိန်တွင်မူ ချင်ရှောက်ပြောဆိုခဲ့သော စကားများက အနည်းငယ်မျှပင် လွန်ကဲခြင်းမရှိကြောင်း သူက တွေ့ရှိသွားခဲ့ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now