Book(81)Ch 1-3(or)Ch 1104 - 1106

120 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(81)

Chapter-1

(ဓာတ်အသိ အဆင့်တက်ခြင်း)

"ကောင်းကင်နှင့်လူသား ပေါင်းစည်းမှု" နှလုံးသားအဆင့်ကြောင့် ဧရာမမျောက်ဝံကြီးရှစ်ကောင်၏ လှုပ်ရှားမှုတိုင်းက ယီယွမ်၏စိတ်ထဲ၌ စွဲထင်နေခဲ့ပြီး အသေးစိတ်တိုင်းကို သိရှိနေခဲ့သည်။

ဧရာမမျောက်ဝံကြီးရှစ်ကောင်က ယီယွမ်အတွက် အသင့်တော်ဆုံး ပြိုင်ဖက်များ ဖြစ်ကြသည်။ 

ဧရာမမျောက်ဝံကြီးရှစ်ကောင်၏ ခွန်အားက အလွန်အမင်း ကြောက်စရာကောင်းပေ၏။ သူတို့က ပူးပေါင်းတိုက်ခိုက်ခြင်း
မရှိသည့်တိုင် ယီယွမ်က  အလေးအနက်ထား၍   တိုက်ခိုက်နေခဲ့ရသည်။

သို့သော် ထိုသို့ကြိုးစားတိုက်ခိုက်မှုကြောင့် ယီယွမ်၏ အလားအလာကို လှုံ့ဆော်ပေးနေသလို ဖြစ်လာခဲ့သည်။ 

ဧရာမမျောက်ဝံများ၏ သံမဏိသဖွယ်သန်မာလှသော လက်သီးများက ယီယွမ်၏နားရွက်အနီးမှ တဝှီးဝှီးမြည်၍ ဖြတ်သန်းသွားနေခဲ့ကြသည်။

ယီယွမ်က မျောက်ဝံများ၏ လက်သီးများကို တိကျစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း လက်သီးများမှ ထွက်ပေါ်လာသည့် သဘာဝစွမ်းအင်လှိုင်းများက ယီယွမ်အတွက် တောင့်ခံရန်ခက်ခဲသော အရာတစ်ခု ဖြစ်သည်။

မျောက်ဝံကြီးရှစ်ကောင်က လက်သီး၁၆လုံးကို အတူတကွ ဝှေ့ယမ်းလိုက်ချိန်တွင် လေထဲ၌ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပေ၏။

ယီယွမ်က ဒီဗိုင်းဘုရင်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာအများအပြား ရရှိလာခဲ့သည်။

သို့ရာတွင် ထိုမျောက်ဝံကြီးရှစ်ကောင်၏ အခြေအနေကလည်း ယီယွမ်ထက် ပိုမိုကောင်းမွန်ခြင်း မရှိပေ။

ယီယွမ်က အလွန်သွက်လက်လှသည်။ အကန့်အသတ်မဲ့ ဓားနယ်မြေ၏ ဖိအားပေးမှုအောက်တွင်  ဧရာမမျောက်ဝံကြီးရှစ်ကောင်၏ ခန္ဓာကိုယ်များတွင်လည်း ယီယွမ်ကြောင့်  ပြတ်ရှရာအများအပြား ရှိနေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now