Ch 1313 - 1315

93 6 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 94

Chapter-13

(ဆေးလုံးဖြစ်ပေါ်လာခဲ့ပြီ)

"ဟုန်ရင်… မင်းက ပုံမှန်ဆိုရင် အမှားလုပ်တာမျိုးမရှိဘူး… ဒါပေမဲ့ ဒီနေ့တော့ မင်းက အကြိမ်ရေအများကြီး မှားယွင်းနေခဲ့တယ်… အခုလတ်တလော မင်းက ကိစ္စတစ်ခုခုနဲ့ ကြုံတွေ့နေရတာလား… ဒီနေ့  မင်းက တော်တော်လေးကို   စိတ်နဲ့ကိုယ်နဲ့မကပ်ဘူးဆိုတာ   ငါမြင်နေရတယ်….." အဖိုးကြီးတစ်ယောက်က ဟုန်ရင်ကို ပြောဆိုလိုက်သည်။

ဟုန်ရင်က အသင်္ချေရတနာမျှော်စင်တွင် အလုပ်လုပ်ကိုင်နေသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီဖြစ်၏။ သူမက တစ်ကြိမ်တစ်ခါမှ အမှားမလုပ်ခဲ့ပေ။

သို့သော် ယနေ့တွင် သူမ၏ တစ်ကိုယ်လုံးက စိတ်နှင့်ကိုယ် မကပ်သည့်ပုံ ပေါ်နေခဲ့၏။ နတ်စွမ်းအင်ကျောက်တုံးများကို
မှားယွင်းရေတွက်ခြင်း၊ ဧည့်သည်ကို ပစ္စည်းမှားပေးခြင်း အစရှိသော အမှားများစွာ  လုပ်ခဲ့မိပေသည်။

ဆိုင်တာဝန်ခံက ဤအခြေအနေကိုမြင်သော် အသာကြည့်နေနိုင်ခြင်းမရှိဘဲ လာရောက်သတိပေးခဲ့သည်။

ဟုန်ရင်က တောင်းပန်စကား ပြောဆိုလိုက်၏။ "တာဝန်ခံစု… တကယ်တောင်းပန်ပါတယ်… ဒီနေ့လုပ်ခဲ့မိတဲ့  အမှားတွေအတွက် ကျွန်မရဲ့ လစာထဲကနေ ဒဏ်ကြေးတပ်လိုက်ပါ….."

တာဝန်ခံစုက သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုခဲ့သည်။ "ငါက အဲဒီလို မဆိုလိုပါဘူး… မင်းက ကိစ္စတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေတာကို ငါက မျက်မြင်တွေ့နေတာပဲလေ… ဘာကြောင့်မို့ မင်းရဲ့လစာကနေ ဒဏ်ကြေးတပ်ရမှာလဲ… မင်းက ဒီနေ့ တစ်ယောက်ယောက်ကို စောင့်နေတာနဲ့ တူတယ်လို့ ငါမြင်တယ်… ဖြစ်နိုင်တာက… မင်းက မိသားစုတစ်ခုခုရဲ့ သခင်လေးတစ်ယောက်ကို သဘောကျနေတာလား….."

ဟုန်ရင်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့ပြီး သူမ၏ ခေါင်းကို ကပျာကယာခါယမ်း၍ ပြောဆိုလိုက်သည်။ "တာဝန်ခံစုက ဘာတွေတွေးနေတာလဲ… ကျွန်မက… ကျွန်မက တစ်ခုခုကို သိချင်နေရုံပါပဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now