Ch 1540 - 1542

109 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 109

Chapter-13

(ချက်ချင်းနားလည်ခြင်း)

အခြားသူများကို တက်နင်းလျှင်ပင် ဤကဲ့သို့ပုံစံမျိုးဖြင့် တက်နင်းခြင်း မပြုလုပ်သင့်ပေ။

ဤအရာက အလုံးစုံ နင်းပြီးသည့်နောက်တွင်ပင် ဒလိမ့်တုံးဖြင့် အကြိမ်အနည်းငယ် ဖိချခြင်း ဖြစ်ပေ၏။

လောကကြီးအပေါ် သူ၏အမြင်က ပြိုလဲသွားသည်ဟု ကျန်းကျန့်က ခံစားနေခဲ့ရ၏။

အချုပ်အနှောင်ကင်းအဆင့်ကို ဘယ်တုန်းကများ ဂေါ်ဖီထုပ်တစ်ထုပ်လို အလွယ်တကူ ရှာတွေ့နိုင်တာလဲ…..

အတိတ်တွင် နားလည်ခြင်းတိုက်ကွက်ကို ကျွမ်းကျင်တတ်မြောက်ရန်အတွက် သူက သေခြင်းတရားမှ ပွတ်ကာသီကာ လွတ်မြာက်ခဲ့ရသော အကြိမ်ပေါင်း မည်မျှအထိ ရှိခဲ့ကြောင်း မမှတ်မိနိုင်တော့ပေ။ သို့သော် သူက အချုပ်အနှောင်ကင်းအဆင့် အခြေအနေသို့ ယခင်က တစ်ကြိမ်တစ်ခါမှ မဝင်ရောက်ဖူးခဲ့ပေ။

သို့သော် တစ်ဖက်လူကမူ သုံးကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သည်။

သုံးကြိမ်…..

အချုပ်အနှောင်ကင်းအဆင့်ကို တစ်ကြိမ်ဝင်ရောက်ခြင်းက ထီဆုကြီးတစ်ခုပေါက်ခြင်းနှင့် တူညီပေ၏။

ဤကောင်လေးက အမှန်တကယ်ပင် သုံးကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သည်။

ထို့ပြင် ကြည့်ရသည်မှာ ချောမွေ့သည်ထက် ပိုမိုချောမွေ့လာသော အနေအထားတစ်ခု ဖြစ်လာခဲ့ပုံ ပေါ်ပေ၏။

ဒါက… ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့အရာ ဟုတ်သေးရဲ့လား…..

သူက ဟာသတစ်ခုသဖွယ် ဖြစ်သွားသည်ဟု ကျန်းကျန့်က ခံစားခဲ့ရ၏။

ထိုဟာသက အချိန်နှင့်နေရာလပ်ကို ကူးပြောင်းလာခဲ့ပေသည်။

ထူးချွန်သူဟုတ်လား…..

သူ၏မျက်စိရှေ့မှ ကောင်လေး၏ ရှေ့မှောက်တွင် ထူးချွန်သူဟူသော စကားလုံးက ရယ်စရာကောင်းလွန်းပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now