Ch 1384 - 1386

80 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 99

Chapter-7

(အရည်အချင်း နိမ့်ကျလွန်းတာလား)

"အခုအချိန်ကနေစပြီးတော့  ဝူမုန့်စစ်နတ်ဘုရားကျမ်းရဲ့ ပထမအဆင့် ကျင့်ကြံခြင်းပညာရပ်ကို လေ့လာဖို့အတွက် မင်းတို့အားလုံးက တစ်လတိတိအချိန်ရမယ်… တစ်လပြည့်သွားရင် မင်းတို့အားလုံးက ကျင့်ကြံခြင်းပညာရပ်ကို ဒီကျောက်တိုင်ပေါ်မှာ ထုတ်ဖော်ရလိမ့်မယ်… ဒီကျောက်တိုင်မှာ မျဥ်းငါးကြောင်းအထိ တောက်ပသွားအောင် လုပ်ဆောင်နိုင်ရုံနဲ့ စစ်ဆေးခြင်းကို အောင်မြင်တယ်လို့ သတ်မှတ်ပေးမယ်… မျဥ်းငါးကြောင်းထက်ပိုရင် မျဥ်းတစ်ကြောင်းပိုလင်းတိုင်း မင်းတို့က ၁၅မှတ် ရရှိမယ်….."

စင်မြင့်၏ရှေ့တွင် မြစိမ်းရောင်ကျောက်တိုင်တစ်ခု ရှိနေခဲ့သည်။

ကျောက်တိုင်ပေါ်တွင် မျဥ်းကြောင်း၃၀ ရှိနေခဲ့၏။ ထိုမျဥ်းကြောင်းများက နားလည်သဘောပေါက်မှု အဆင့်ပေါင်း၃၀ကို ကိုယ်စားပြုပေသည်။

"မျဥ်းငါးကြောင်း  လင်းအောင်လုပ်နိုင်တာနဲ့ စစ်ဆေးခြင်းကို အောင်မြင်သွားမှာလား… ဒီအဆင့်က တော်တော်လွယ်ကူနေတာ မဟုတ်ဘူးလား….." ယီယွမ်က သိလိုစိတ်များစွာဖြင့် ပြောဆိုခဲ့၏။

ရှဲ့ကျင့်ရီက ခါးသီးစွာပြုံး၍ ပြောဆိုလိုက်သည်။ "အဲဒါက ဘယ်လိုလုပ်ပြီးတော့ မင်းထင်နေသလို လွယ်ကူမှာလဲ… တကယ်တော့ ဒီအဆင့်က အဆင့်သုံးဆင့်ထဲမှာ အခက်ခဲဆုံးပဲ… ဝူမုန့်စစ်နတ်ဘုရားကျမ်းက နက်နဲကျယ်ပြန့်တယ်… လူတစ်ယောက်က  အချိန်တစ်လတည်းနဲ့ ဘယ်လောက်ပမာဏအထိ  နားလည်နိုင်မှာလဲ… အခုအချိန်မှာ လူ၂၀၀၀နီးပါး ကျန်နေသေးတယ်… အဆုံးသတ်မှာ လူပေါင်း၄၀၀ကျော်၅၀၀လောက် ကျန်နေရစ်ခဲ့ရင်တောင် အဲဒါက တော်တော်ကောင်းတဲ့ ရလဒ်တစ်ခု ဖြစ်လာလိမ့်မယ်… လူအများစုရဲ့ အဆင့်က မျဥ်းသုံးကြောင်း၊လေးကြောင်းပဲ  ဖြစ်လိမ့်မယ်… မျဥ်းငါးကြောင်းက  တော်တော်လေးခက်ခဲတယ်… တကယ်လို့ စောစောက အဆင့်တွေမှာ ထုတ်ပယ်ခံလိုက်ရတဲ့သူတွေကို ပြန်ခေါ်ပြီး လေ့လာခိုင်းမယ်ဆိုရင် မျဥ်းတစ်ကြောင်း လင်းသွားရင်တောင် တော်တော်လေး အစွမ်းထက်တယ်လို့ သတ်မှတ်ရလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now