Ch 1161 - 1163

103 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 84

Chapter-13

(ဆေးဆရာကြီးသိသွားပြီ)

"သူ့ရဲ့ရှေ့ ပေနှစ်ဆယ်အကွာအဝေးက တားမြစ်နေရာတစ်ခု ​ဖြစ်နေတယ်လို့ မင်းပြောလိုက်တာလား….." ထုံက မျက်မှောင်ကုတ်၍ မေးမြန်းလိုက်သည်။

ငါးမန်းတစ်က ခေါင်းညိတ်၍ ပြောဆိုခဲ့၏။ "ဟုတ်ပါတယ်… ဆရာယီက  မိုးကောင်းကင်စစ်ဆေးခြင်းကို  ဖြတ်ကျော်နေတဲ့အချိန်မှာ လူတွေအများကြီးက အဲဒီမြင်ကွင်းကို ကြည့်နေခဲ့ပါတယ်… မိုးကောင်းကင်စစ်ဆေးခြင်း လျှပ်စီးချက်စွမ်းအားက ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုနဲ့ တူညီနေတယ်… ဒါပေမဲ့ မိုးကောင်းကင်စစ်ဆေးခြင်း လျှပ်စီးတွေက သူနဲ့ ပေနှစ်ဆယ်အကွာမှာပဲ လွင့်စင်ပျောက်ကွယ်သွားခဲ့ပါတယ်….."

ထိုအချိန်က ယီယွမ်၏ ပေနှစ်ဆယ်ကျယ်ဝန်းသော နတ်ဘုရားသုတ်သင်ခြင်းနယ်မြေကဲ့သို့ တားမြစ်နေရာကို ပြန်တွေးကြည့်မိလိုက်ပြီးနောက် ငါးမန်းတစ်၏ စိတ်ထဲတွင် ယခုအချိန်အထိ ကြောက်ရွံ့နေဆဲပင်ဖြစ်သည်။

သို့သော် ထိုစကားကိုကြားချိန်၌  ထုံက တိတ်ဆိတ်သွားခဲ့သည်။

စောစောလေးတွင် သူ၏ အော်ရာအရှိန်အဝါကို ယီယွမ်အား စစ်ဆေးစမ်းသပ်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

သို့သော် ငါးမန်းတစ်ပြောသကဲ့သို့ သူ၏ အော်ရာအရှိန်အဝါက ယီယွမ်နှင့် ပေနှစ်ဆယ်အကွာသို့ ရောက်ရှိသွားချိန်၌ ရှေ့သို့တစ်လက်မပင် ပိုမတိုးနိုင်ခဲ့တော့ပေ။

သူ၏ခွန်အားဖြင့်ဆိုပါက အဆင့်(7) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို ဖိအားပေးလျှင် ထိုသို့ဆန်းကြယ်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။

"ငါးမန်းတစ်… ဒါဆိုရင် ယီယွမ်က ခရမ်းနုရောင်ဟင်းလင်းပြင် အသက်ဝိညာဥ်ဆေးလုံးကို ဖော်စပ်မှာနဲ့ပတ်သက်ပြီးတော့ မင်းက ဘယ်လောက်အထိ ယုံကြည်လဲ… ရွှင်းအာအတွက် ခရမ်းနုရောင်ဟင်းလင်းပြင် အသက်ဝိညာဥ်ဆေးလုံးက ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ မင်းလည်းအသိပဲ….." ထုံက မေးမြန်းလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now