Ch 1519 - 1521

81 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 108

Chapter-7

(ကောင်းကင်အဆင့်ထက်နိမ့်တဲ့ ဆေးလုံးတွေ မပါဘူး)

"ဟုတ်တယ်… မင်းက ဆရာသခင်အမှောင်ညကို ဆန့်ကျင်အပြစ်ပြုမိခဲ့တာ ဘာမှမဖြစ်ဘူး… ဒါပေမဲ့ ငါတို့ကို မထိခိုက်စေနဲ့….."

"မြန်မြန်ထွက်သွား… မြန်မြန်ထွက်သွားလိုက်တော့… ငါတို့က ဆရာသခင်အမှောင်ညကို စောင့်နေခဲ့ရတာ အချိန်လဝက်ကြာမြင့်သွားပြီ… သေချင်ရင် ကိုယ့်ဘာသာသေလိုက်… ငါတို့ကို ရေထဲဆွဲမချနဲ့….."

"ငါက ဆရာသခင်အမှောင်ည ဆေးလုံးတွေဖော်စပ်ပြီး အသက်တွေကယ်ဆယ်မှာကို စောင့်နေတာလေ… ထွက်မသွားသေးဘူးဆိုရင် ငါက မင်းကို တိုက်ခိုက်ရလိမ့်မယ်….."

………

ဤအချိန်တွင် မိစ္ဆာဆေးခန်းမအတွင်း၌ လူများပြည့်နှက်နေခဲ့သည်။ လူတိုင်းက ခုန်းရှောင်ထံသို့ လှံဖျားလှည့်ထားခဲ့ကြ၏။

သူက လူတိုင်းရိုက်နှက်ရန် အော်ဟစ်ခြင်းခံရသည့် လမ်းဖြတ်ကူးသော ကြွက်တစ်ကောင်ဖြစ်လာသည်ဟု ခုန်းရှောင်က တွေ့ရှိခဲ့ရ၏။

အထူးသဖြင့် ဝူဟောက်နှင့် သတ္တုနှလုံးသားတို့၏ အပြုအမူများပင် ဖြစ်သည်။ ထိုအရာက သူ့ကို အလွန်ဒေါသထွက်စေခဲ့၏။

ထိုလူနှစ်ယောက်က အမှောင်ည၏ အကောင်းမြင်ခံရခြင်းကို ရရှိရန်အတွက် သူ့ကို ချနင်းလိုနေခဲ့ကြသည်။

သူက ဤနေရာတွင် အမှန်တကယ် ဆက်နေနိုင်ပုံမရတော့ကြောင်း ခုန်းရှောင်က တွေ့ရှိခဲ့ရပေ၏။

အရှက်မဲ့စွာဖြင့် ဤနေရာတွင် ဆက်လက်နေထိုင်နေမည်ဆိုလျှင် သူက ဤလူများ၏ အရှင်လတ်လတ် မျိုချခြင်းကို ခံရပေလိမ့်မည်။

"မင်းတို့နှစ်ယောက်ကို ငါမှတ်ထားတယ်… သွားဆိုလည်း သွားတာပေါ့… ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ… ဟမ့်… ဒီကောင်လေးရဲ့ တာအိုရှင်းလင်းပြောကြားမှုကို နားထောင်ရုံသက်သက်နဲ့ လူတစ်ယောက်က ကောင်းကင်ဘုံကို တက်ရောက်နိူင်မယ်လို့ ငါမယုံကြည်ဘူး….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now