Book (105) Ch 1 - 3 (or)Ch 1468 - 1470

105 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(105)

Chapter-1

(အမှားဝန်ခံ၍ ဒူးထောက်တောင်းပန်မှု)

ယီယွမ်က ကန်ကျောက်လိုက်ရာ လင်းရှို့က ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့၏။

အိပ်ရာပေါ်တွင် လဲနေသူက ဖက်တီးလေး ရှဲ့ကျင့်ရီပင် ဖြစ်သည်။

"သူ့ညီအစ်ကိုက သူ့အတွက် လက်စားချေပေးမယ်လို့ ငါ့ညီအစ်ကိုက ပြောခဲ့တယ်… တကယ်လို့ ငါက ငါ့အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် သူ့အတွက် ဒီရန်ကြွေးကို ပြန်ဆပ်ပေးရမယ်… မင်းက ငါ့ညီအစ်ကိုရဲ့ နတ်ပင်လယ်ကို ဖျက်ဆီးပြီးတော့ သူ့ကို ဒုက္ခိတတစ်ယောက် ဖြစ်စေခဲ့တယ်… ဒါကြောင့် ငါက မင်းရဲ့ နတ်ပင်လယ်ကို ဖျက်ဆီးပြီးတော့ ငါ့ညီအစ်ကိုကိုတောင်းပန်ဖို့ သူ့ရှေ့ကိုခေါ်လာခဲ့တာပဲ… မင်းရဲ့ သေခြင်းရှင်ခြင်းကို ငါ့ညီအစ်ကိုက ဆုံးဖြတ်လိမ့်မယ်….." ယီယွမ်၏ ပြတ်သားသော စကားများ ထွက်ပေါ်လာခဲ့သည်။

ယီယွမ်၏ ဒဏ်ရာများက အမှန်တကယ်ပင် အပေါ့စားဒဏ်ရာများ မဟုတ်ပေ။ သို့သော် ဤအချိန်တွင် သူက သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများနှင့်ပတ်သက်၍ ဂရုစိုက်နိုင်ခြင်း မရှိတော့ပေ။

ဤတိုက်ပွဲပြီးနောက် ဝူမုန့်မြို့ကြီးတွင် သေချာပေါက် အကြီးအကျယ် လှိုင်းထန်သွားမည်ဖြစ်ကြောင်း ယီယွမ်က သိနေခဲ့သည်။

သူ့အတွက် အချိန်အများကြီး မကျန်တော့ပေ။

လက်ရှိလင်းရှို့က ကောင်းကင်ဘုံမှ ဂုဏ်ယူရသော သမီးတစ်ယောက်၏ ဟန်ပန်အမူအရာမျိုး မည်သည့်အတွက် ရှိနေနိူင်ဦးမည်နည်း။

သူမ၏ ဆံပင်က ရှုပ်ပွနေသည်ကိုသာ မြင်နေခဲ့ရပြီး သူမ၏ အဝတ်အစားများက စုတ်ပြဲနေခဲ့ကာ သူမ၏ မျက်နှာတစ်ခြမ်းက အကြီးအကျယ် ဖူးရောင်နေခဲ့သည်။ သူမ၏ ဝမ်းဗိုက်မှလည်း သွေးများ စီးကျနေခဲ့ပေသေးသည်။

ပို၍အရေးကြီးသည်မှာ သူမ၏ ဂုဏ်ယူဝင့်ကြွားမှုကို ယီယွမ်က အပြည့်အဝ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now