1569 - 1571

160 8 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 111

Chapter-13

(ရိုက်ကြ… နာနာရိုက်ကြစမ်း)

"အ… အရှင်… ဒီနိမ့်ကျတဲ့လူက မျက်လုံးပါပေမဲ့ အမြင်မရှိလို့ အရှင့်ကို အပြစ်ပြုမိခဲ့ပါတယ်… ဒီ… ဒီနိမ့်ကျတဲ့လူက အခုချက်ချင်း ထွက်သွားလိုက်ပါ့မယ်….."

မူလတွင် ယီယွမ်က အနိုင်ကျင့်ရန် လွယ်ကူသော လူတစ်ယောက်ဖြစ်မည်ဟု ကောရှင်းဝမ်က ထင်ထားခဲ့သည်။ ယီယွမ်က အမှန်တကယ်တွင် သတ္တုပြားတစ်ချပ် ဖြစ်နေခဲ့မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

"ရပ်လိုက်….." ယီယွမ်က အေးစက်စက်လေသံဖြင့် ရုတ်တရက် ပြောဆိုလိုက်၏။

ကောရှင်းဝမ်၏ ခန္ဓာကိုယ်က ရပ်တန့်သွားခဲ့သည်။ ငိုကြွေးသည်ထက်ပင် ပိုမိုရုပ်ဆိုးနေသော အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ဖော်၍ သူက ပြောဆိုလိုက်၏။ "ဆရာသခင်ယီက ဘာကို… ဘာကိုညွှန်ကြားချင်လို့ပါလဲ….."

ယီယွမ်က မျက်မှောင်ကုတ်၍ ပြောခဲ့ပေသည်။ "သူက ဘာတွေဖြစ်ခဲ့တာလဲ….."

ဟွမ်ချမ်က သူ၏လူနာဖြစ်ခဲ့သည်။ ယီယွမ်က သူ့ကို ကုသပေးခဲ့ပြီးချိန်တွင် အခြားသူများက သူ့ကို ယခုကဲ့သို့ အခြေအနေမျိုးအထိ ဖြစ်သွားစေရန် ချက်ချင်းရိုက်နှက်ထားခဲ့၏။ ယီယွမ်ကလည်း စိတ်ထဲတွင် အလွန်ဒေါသထွက်လာခဲ့သည်။

သူတို့၏ ရပ်တည်မှုက ကွာခြားနေခဲ့သော်လည်း ဟွမ်ဟောက်ရန်နှင့် ဟွမ်ချမ်အပေါ်တွင် ယီယွမ်၏ အမြင်က ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ဆဲပင် ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ ဟွမ်ချမ်က သူ၏ ထင်ရှားသော အောင်မြင်မှု ဖြစ်ပေသည်။

ခရမ်းနုဆူး ခြင်ဆီဖယ်ရှားခြင်းက အမှန်တကယ် ဒုက္ခများလွန်းပေ၏။ ထိုအရာက သူ့အတွက်လည်း ကြုံတွေ့ရန် အလွန့်အလွန် ခဲယဥ်းသော စမ်းသပ်မှုပင် ဖြစ်သည်။

ထိုအတွက်ကြောင့်သာ မဟုတ်ခဲ့လျှင် သူက ဟွမ်ချမ်၏ သွေးကြောကို စမ်းသပ်ရန်အတွက် အချိန်လေးနာရီအထိ အသုံးပြုခဲ့ရလိမ့်မည် မဟုတ်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now