Ch 1137 - 1139

104 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 83

Chapter-4

(အထွတ်အထိပ်များ  ထိပ်တိုက်ရင်ဆိုင်ခြင်း)

"ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်….."

ကျူးကော့ချင်ရွှမ်၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်း…..

ယီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွားခဲ့ပြီး  ကျူးကော့ချင်ရွှမ်၏ ကန့်သတ်ချုပ်ချယ်မှုစွမ်းအားကို တစ်စစီပြိုကွဲသွားစေခဲ့သည်။ 

တိတိကျကျ ပြောရမည်ဆိုလျှင် ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်က ထိုအရာကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။

ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်က ယီယွမ်၏လက်ဝါးပေါ်တွင် ငြိမ်သက်စွာရှိနေခဲ့သည်။ ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်၏ ပတ်ပတ်လည်တွင် အဝါဖျော့ဖျော့ အလင်းတစ်ခုက နဂါးများကခုန်နေသကဲ့သို့ ရှိ​နေခဲ့ပြီး ဆန်းကြယ်သော
အော်ရာအငွေ့အသက်တစ်ခု  ထွက်ပေါ်နေခဲ့သည်။

ယီယွမ်က ကျူးကော့ချင်ရွှမ်ကိုကြည့်၍ အေးစက်စွာပြုံးပြီး ပြောဆိုလိုက်သည်။ "ကြည့်ရတာ ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်က ယွီစိတ်ဝိညာဥ်အဖွဲ့ အမွေအနှစ်တွေကို တော်တော်လေးမုန်းတီးနေပုံပဲ… ကျေးဇူးပဲ ကျူးကော့ချင်ရွှမ်….."

ကောင်းကင်တိမ်တိုက်၏ ရယ်မောသံက ရုတ်တရက်ပင် ရပ်တန့်သွားခဲ့သည်။ သူက ယီယွမ်၏ခန္ဓာကိုယ် အသားစများဖြစ်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ရုတ်တရက်ပင် အပြောင်းအလဲများ ဖြစ်ပျက်လာခဲ့သည်။

"ဒီကောင်လေးက တကယ်ပဲသတ်ဖြတ်မရတဲ့သူ ဖြစ်နေတာလား….."

ကောင်းကင်တိမ်တိုက်၏ မျက်နှာအမူအရာက နက်မှောင်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဤအနီးအနားတွင် မည်သူမှမရှိခဲ့ပေ။ ထိုသို့မဟုတ်လျှင် သူက အရှက်ကွဲရလွန်း၍ မျက်နှာထားစရာပင်  နေရာရှိမည်မဟုတ်တော့ပေ။ 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now