Ch 1307 - 1309

91 6 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 94

Chapter-7

(လင်နှင့်မယား ပူးပေါင်း၍ ဗျူဟာတစ်ခု ဖန်တီးခြင်း)

"ညီငယ်လေးယီ… ဒီခရီးအတွက် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်… မင်းရှိနေလို့သာ မဟုတ်ဘူးဆိုရင် ဒီလျန့်မျိုးရိုးက ငါ့သမီးနှစ်ယောက်ကို ဘယ်လိုမျက်နှာပြရမလဲဆိုတာ မသိတော့ဘူး….."

"မိသားစုခေါင်းဆောင်က ကြင်နာလွန်းနေပါပြီ… ဒီယီမျိုးရိုးက သားရဲယဥ်ပါးစေခြင်း ပညာရပ်အချို့ကို သိနေပြီးတော့ သားရဲဒီရေမှာ အချိန်ကိုက် ကူညီပေးနိုင်ခဲ့ရုံလေးပါ… ကျေးဇူးတင်ရမယ်ဆိုရင် ဒီယီမျိုးရိုးက ကျေးဇူးတင်ရမှာပါ… တကယ်လို့ ဝမ်ရူမိန်းကလေးကသာ ကယ်ဆယ်မပေးခဲ့ဘူးဆိုရင် ဒီယီမျိုးရိုးက အခုအချိန်မှာ လမ်းဘေးမှာရှိနေတဲ့ အလောင်းကောင်တစ်ခု ဖြစ်နေလောက်ပါပြီ….."

"ဟားဟား… ညီငယ်လေးယီက နှိမ့်ချလွန်းနေတာပဲ… ညီငယ်လေးယီက သွားစရာနေရာ မရှိသေးဘူးဆိုမှတော့ အရင်ဆုံး လျန့်မိသားစုဆီမှာ နေထိုင်လို့ရပါတယ်… ညီငယ်လေးယီက နေစရာနေရာတစ်ခု ရှာတွေ့ပြီဆိုမှ အဲဒီကို ပြန်ပြောင်းရင်လည်း နောက်မကျပါဘူး….."

"ဒါဆိုရင်တော့ ကျွန်တော်က မိသားစုခေါင်းဆောင်ကို အနှောင့်အယှက်ပေးမိပါပြီ….."

တစ်ချက်ကြည့်ရုံဖြင့် လျန့်မင်ယွီက ပါးနပ်သော စီးပွားရေးသမားတစ်ယောက် ဖြစ်ပြီး အလွန်ဉာဏ်များကြောင်း သိနိုင်ပေသည်။

သို့သော် သူ၏ခွန်အားက အားနည်းခြင်းမရှိပေ။ သူက အလယ်အလတ်အဆင့် နက်နဲခြင်းဂူ နတ်တန်ခိုးရှင်တစ်ယောက် ဖြစ်ပေသည်။

ဤစကားများက ရင်းနှီးပျူငှာသည်ဟု
ထင်ရသော်လည်း ယီယွမ်ကို စိမ်းကားသော ခံစားချက်အာရုံတစ်ခု ခံစားစေခဲ့၏။

ယီယွမ်က လျန့်ဝမ်ရူတို့ ညီအစ်မနှစ်ယောက်ကို ကယ်ဆယ်ပေးခဲ့သော်လည်း လျန့်ဝမ်ရူက ယီယွမ်ကို ကယ်ဆယ်ပေးခဲ့သည့်အပြင် ယီယွမ်စားသုံးရန်အတွက် နက်နဲသောစွမ်းအင်ဆေးလုံးကိုပင် ပေးအပ်ခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now