Ch 1174 - 1176

98 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 85

Chapter-10

(နောင်တမရဘူး)

"ဒါ… ဒါတွေအားလုံးကို ငါလုပ်ခဲ့မိတာလား….."

ယီယွမ်က မြို့ပြင်ရှိ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သည့် အလောင်းကောင်များကို ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ပေါ်နေခဲ့သည်။

မြို့ထဲတွင်ရှိနေသော သိုင်းပညာရှင်များအားလုံးကို သူတစ်ယောက်တည်းက ရှင်းလင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ လရောင်မြို့တော်က တစ္ဆေမြို့တော်တစ်ခု ဖြစ်နေခဲ့ပြီး ဝိညာဥ်တစ်ခုပင် မရှိခဲ့ရာ အလွန့်အလွန် ခြောက်ခြားဖွယ် ကောင်းနေခဲ့သည်။ 

"အရှင်က အဲဒီလူနှစ်ယောက်ဆီကနေ လီအာရဲ့ သတင်းကို ကြားလိုက်တဲ့အချိန်မှာ အရှင့်ရဲ့နှလုံးသားက ပြင်းထန်တဲ့ ထိုးနှက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပါ… အရှင်က ရုတ်တရက်ကြီး စိတ်ဖောက်ပြန်တဲ့ အ​ခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်…. ကျွန်တော်တို့ သိလိုက်ရတဲ့အချိန်မှာ အဲဒါကို တားဆီးဖို့ နောက်ကျလွန်းသွားခဲ့ပါပြီ….." အောင်းချမ်က ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင် ထိတ်လန့်နေဆဲဖြစ်ပြီး ယီယွမ်ကို ပြောဆိုလိုက်သည်။

"ဟုတ်ပါတယ် အရှင်… စောစောလေးက သတ်ဖြတ်ခြင်းနတ်ဘုရားလို အရှင်က ပြုမူနေခဲ့တာပါ… တစ်ဖက်လူက ဘယ်လောက်အထိ စွမ်းအားကြီးနေပါစေ အရှင်က သိုင်းကွက်တစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့ပါတယ်… အရှင်က ဘယ်လောက်အထိ သတ်ဖြတ်လိုစိတ် ပြင်းထန်နေခဲ့တာလဲဆိုတာ အရှင်တကယ်မသိဘူးပဲ….."

သွေးမိုးကို သတ်ဖြတ်ခဲ့သော မြင်ကွင်းအား ပြန်လည်တွေးတောမိလိုက်၍ ကျန်းထိုက်ချန်ကလည်း အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့၏။

စိတ်ဖောက်ပြန်ခြင်း အခြေအနေသို့ ရောက်ရှိနေခဲ့သော အရှင်က အလွန်ကြောက်စရာကောင်းလှသည်။

အကယ်၍ ထိုအချိန်ကသာ သူတို့ ထွက်လာခဲ့မည်ဆိုလျှင် သူတို့က ချက်ချင်း သတ်ဖြတ်ခံရမည်​ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုအပ်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt