Book(95) Ch1-3(or)Ch 1316 - 1318

94 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(95)

Chapter-1

(လော့ကျန့်၏ဓား)

အသင်္ချေရတနာမျှော်စင်မှ ထွက်ခွာလာပြီးနောက် ယီယွမ်က ကျန့်ရွှင်းနှင့် အခြားလူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရပေသည်။

"ဆရာယီ… မင်းက ငါတို့ကို ခက်ခက်ခဲခဲ ရှာဖွေရအောင် လုပ်ခဲ့တာပဲ… ဆရာယီပျောက်နေတာ တစ်လကြာသွားတယ်နော်….." ကျန့်ရွှင်းက ခါးသီးစွာပြုံး၍ ပြောဆိုခဲ့၏။

ယီယွမ်က စိတ်ထဲတွင် သေသေချာချာ သိရှိသော်လည်း ပဟေဠိဖြစ်နေသည့်ပုံ ဟန်ဆောင်ပြုမူ၍ ပြောဆိုလိုက်သည်။ "ကျုပ်ကိုဘာလို့ရှာတာလဲ… အသင်္ချေရတနာမျှော်စင်ရဲ့ ကျင့်ကြံခြင်းအခန်းတွေက တော်တော်လေးကောင်းတယ်ဆိုတာ ကျုပ်သိခဲ့ရလို့ ဒီနေရာကိုလာပြီး အချိန်နည်းနည်းကြာအောင် ကျင့်ကြံတာပါ….."

ကျန့်ရွှင်းက အံ့အားသင့်သွားခဲ့ပြီး ပြောဆိုခဲ့၏။ "ကျင့်ကြံတယ် ဟုတ်လား….."

မင်းက နတ်ပင်လယ်ပျက်စီးနေတဲ့ လူတစ်ယောက်လေ… ဘာကိုကျင့်ကြံတာလဲ…..

ပေါက်ကရပြောမယ်ဆိုရင်တောင် ဒီလိုမျိုးပြောရတာ မဟုတ်ဘူးလေ… ဟုတ်တယ်မလား…..

ယီယွမ်က ပြုံးလိုက်သော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။

မှော်ဆေးပညာကို ကျင့်ကြံတာကလည်း ကျင့်ကြံခြင်းပဲ မဟုတ်ဘူးလား…..

ကျန့်ရွှင်းက ခြောက်ကပ်ကပ်ရယ်မော၍ ပြောဆိုလိုက်သည်။ "ဟား… ဟား… ကိစ္စက ဒီလိုပါ… အကြီးဆုံးသခင်မလေးက ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေလို့ စားချင်သောက်ချင်စိတ် မရှိဘူးဖြစ်နေတယ်… မင်းက သူမနဲ့ အရင်းနှီးဆုံးလူလို့  အကြီးဆုံးသခင်မလေးက ပြောခဲ့လို့ ငါတို့က မင်းကို လျန့်မိသားစုဆီ ပြန်ရအောင် လာခေါ်တာပဲ… ဒီကိစ္စက အကြီးဆုံးသခင်မလေးကို ကျန်းမာရေးပြန်ကောင်းအောင် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့  ထင်ရတယ်လေ….."

သူတို့နှစ်ယောက်က အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည့်အတွက် ယီယွမ်က တစ်စုံတစ်ရာကို အနည်းငယ်ရိပ်မိသွားနိုင်သည်ဟု ခံစားနေခဲ့ရ၏။ သို့ဖြစ်၍ ယီယွမ်ကို လျန့်မိသားစုသို့ ပြန်လာစေရန်အတွက် သူတို့က  လိမ်လည်လှည့်စားမှုတစ်ခု ဖန်တီးခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now