1755 - 1757

59 2 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 112

Chapter-4

(ယှဥ်ပြိုင်ခြင်း)

ဒရယ်ငို၏ အော်ရာအငွေ့အသက် ထွက်ပေါ်လာသော အခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့သည်။

သူက နတ်သခင် ကောင်းကင်အလွှာခြောက် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်၏။ နတ်သခင် ကောင်းကင်အလွှာတစ်၊ ကောင်းကင်အလွှာနှစ် ဂျူနီယာလေးများကို သင်ခန်းစာပေးလိုလျှင် ထိုအရာက လွယ်ကူစွာ လုပ်ဆောင်နိုင်သော ကိစ္စတစ်ခု မဟုတ်ပေလော။

သို့သော်လည်း လုရီ၏ မျက်နှာတွင် ကြောက်ရွံ့မှုကို ဒရယ်ငိုက မမြင်ခဲ့ရပေ။ ထိုအစား ရယ်မောလိုမှုနှင့် အလွန်အထင်သေးမှုကိုသာ သူက မြင်တွေ့ခဲ့သည်။

"တာဝန်ခံဒရယ်ငိုက တော်တော်လေး မောက်မာတာပဲ… တပည့်တွေကိုသင်ကြားပေးဖို့ ဒီအဖိုးကြီးကို တကယ်ကူညီချင်နေတယ်ပေါ့… ဒါပေမဲ့ ဒီအဖိုးကြီးရဲ့ တပည့်တွေက မင်းလာသင်ပေးရမယ့်သူတွေ မဟုတ်လောက်ပါဘူး… ဟုတ်တယ်မလား….."

အတွင်းခန်းမမှ လူတစ်စု ထွက်လာခဲ့၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူက ယီယွမ် ဖြစ်ပေသည်။

ရွှမ်ယုက ယီယွမ်၏ဘေးမှ လိုက်လာခဲ့သည်။

ရွှမ်ယုက ဤနေရာတွင် ရှိနေခြင်းကြောင့် ဒရယ်ငိုက အလွန့်အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

အဆင့်အတန်းမြင့်ပြီး မအားလပ်တဲ့ ရွှမ်ယုက ဘာကြောင့် အပြင်ပိုင်းမြို့က အသေးအဖွဲ ဆေးဆိုင်လေးတစ်ဆိုင်ကို ရောက်လာခဲ့တာလဲ…..

သို့သော် သူ့ကို ပို၍ ထိတ်လန့်တုန်လှုပ်စေသည်မှာ သူတို့အုပ်စုကို လူငယ်လေးတစ်ယောက်က အမှန်တကယ် ဦးဆောင်လာခဲ့၍ပင် ဖြစ်၏။

ဒရယ်ငိုကလည်း အတွေ့အကြုံရင့်ကျက်သူ ဖြစ်သည်။ ဒရယ်ငို၏ မျက်လုံးထဲသို့ ဤအသေးစိတ်အချက်အလက် ဝင်ရောက်လာချိန်တွင် သတင်းစကား အများအပြားကို သိရှိသွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်သော် ဒရယ်ငို၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သူ၏စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now