Ch 1107 - 1109

101 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 81

Chapter-4

(အကြွင်းမဲ့သတ်ဖြတ်ခြင်း)

"ရုတ်တရက် လှုံ့ဆော်မှု"ဟူသော စကားလုံးကိုကြားသော် ကျောက်လင်းတုံ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

"မင်း… မင်းက ရုတ်တရက် လှုံ့ဆော်မှုကို တကယ်ပဲ နားလည်ထားခဲ့ပြီပေါ့….."

"ဧရာမမျောက်ဝံရှစ်ကောင်နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ငါက အဲဒါကို နားလည်သွားခဲ့တယ်….." ယီယွမ်က တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။

နှလုံးသားအဆင့်တွင်  အဆင့်တက်ရောက်မှုက သိုင်းပညာရှင်များအတွက်  အလွန်ဆန်းကြယ်သော စွမ်းရည်အချို့ကို  ပိုင်ဆိုင်စေလေ့ရှိသည်။

ဥပမာအားဖြင့် ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစပ်မှု၊ ရုတ်တရက် လှုံ့ဆော်မှု အစရှိသည်တို့ ဖြစ်ကြ၏။

"ရုတ်တရက် လှုံ့ဆော်မှု"က ကံကောင်းမှုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ပြီး အန္တရာယ်ကို ရှောင်တိမ်းနိုင်သော အာရုံခံစားမှုတစ်မျိုး  ဖြစ်ပေသည်။

ဤသို့သော အာရုံခံစားမှုမျိုးကို အစွမ်းထက်သော သိုင်းပညာရှင်အများအပြားက ပိုင်ဆိုင်ထားလေ့ရှိသည်။ သို့သော် ထိုအာရုံခံစားမှုက အလွန့်အလွန် ပါးလွှာသော အမျိုးအစားတစ်ခုသာ ဖြစ်ပေ၏။

ထို့ပြင် အရေးကြီးသောအချိန်၌ ထိုအရာက သက်ရောက်မှုရှိမရှိကို အကြွင်းမဲ့ယုံကြည်နိုင်ခြင်း မရှိပေ။

သို့သော် "ရုတ်တရက် လှုံ့ဆော်မှု"က ထိုအာရုံခံစားမှု၏ အဆင့်မြင့်အမျိုးအစားဟု သတ်မှတ်နိုင်ပေသည်။ အန္တရာယ်နှင့်မကြုံတွေ့ခင်အချိန်၌ လူတစ်ယောက်က အချိန်မီ ကြိုတင်သိရှိပြီး ကံကောင်းထောက်မစွာဖြင့် အန္တရာယ်ကို ရှောင်တိမ်းနိုင်မည်ဖြစ်သည်။

ဧရာမမျောက်ဝံရှစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ယီယွမ်၏ နှလုံးသားအဆင့်က တိတ်တဆိတ်ပင် အဆင့်တက်သွားခဲ့သည်။ "ရုတ်တရက် လှုံ့ဆော်မှု"က အခြေအနေနှင့် အချိန်အခါကို လိုက်၍ ထွက်ပေါ်လာခြင်းဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now