Book 16 Ch 1483 - 1485 (or) Ch 1 - 3

122 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(106)

Chapter-1

(ပြင်းထန်သော ထိခိုက်ဆုံးရှုံးမှုများ)

"မိစ္ဆာခွေးတွေ ရောက်လာကြပြီ… အေဘေးတွေ….."

"သူတို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်….."

မိစ္ဆာမျိုးနွယ်စစ်တပ်၏ စစ်သည်အရေအတွက်က အလွန်များပြားပေသည်။  လေးမြားများ အသုံးပြုပစ်လွှတ်၍ ဖိနှိပ်ထားသော်လည်း မိစ္ဆာမျိုးနွယ်စစ်သားများက အလွန်မြန်ဆန်စွာပင် မြို့တံတိုင်းထံသို့ ရောက်ရှိလာခဲ့ကြ၏။

ထို့နောက် အနီးကပ်တိုက်ပွဲ ဖြစ်လာခဲ့သည်။

သူတို့က ဤပထမဆုံးတိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိလျှင် သူတို့၏ ခံစစ်စည်းက လုံးဝပျက်စီးသွားပေလိမ့်မည်။

"ရွှစ်….."

လူသားမျိုးနွယ် စစ်သားတစ်ယောက်က မိစ္ဆာမျိုးနွယ်၏ တပ်ဖွဲ့ငယ်ခေါင်းဆောင်တစ်ဦးကို ဓားတစ်ချက် ခုတ်ပိုင်းလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ "ဒီမိစ္ဆာခွေးက ဘာလို့ အားနည်းလွန်းနေတာလဲ….."

"ငါ့ဆီမှာရောပဲ….."

"အားနည်းလွန်းတယ်… တစ်ချက်ပိုင်းလိုက်တာနဲ့ ပွဲပြီးသွားတာပဲ….."

"ဟားဟားဟား… တော်တော်အားနည်းတယ်… ခုတ်ပိုင်းရတာ စိတ်ကျေနပ်စရာကောင်းလွန်းတယ်….."

………

မြို့တံတိုင်းပေါ်တွင် လူသားမျိုးနွယ်စစ်သားများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

စောစောလေးတွင်
မိစ္ဆာမျိုးနွယ်စစ်သားများ အလွန်မြန်ဆန်စွာ ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ချိန်၌ ဝမ်ရိဖုန့်၏ မျက်နှာအမူအရာက အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

သို့သော် မြို့တံတိုင်းပေါ်သို့ တက်လာခဲ့သော ထိုမိစ္ဆာမျိုးနွယ်စစ်သားများက အလွန်အားနည်းနေမည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now