Ch 1189 - 1191

104 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 86

Chapter-10

(စိန်ခေါ်ခြင်း)

"ကောင်းကင်ဘုံကျော်လွှားခြင်း…ဒါက ငါ့နာမည်လား… ကြားရတာ တော်တော်ကောင်းတာပဲ….."

ယီယွမ်က သူ၏ နာမည်ကို ရေရွတ်ကြည့်လိုက်ပြီး စိတ်ကျေနပ်စရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။

သို့ရာတွင် ကောင်းကင်ဘုံ လျှို့ဝှက်မျှော်စင်က မည်သည်ကိုအခြေခံ၍ ခွန်အားနှင့်အရည်အချင်းကို ဆုံးဖြတ်ကြောင်း ယီယွမ်က အလွန်သိချင်နေခဲ့သည်။

"တော်တော်ကောင်းတာထက် ပိုပါတယ်… ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင်ရဲ့မျက်နှာက သေချာပေါက် စိမ်းတောက်နေမယ်ဆိုတာ ကျွန်တော်ခန့်မှန်းမိနေပြီ… သူ့နာမည်က 'ကောင်းကင်ဘုံတည်ငြိမ်စေခြင်း'ပဲ ရှိနေသေးတဲ့အချိန်မှာ အရှင်က 'ကောင်းကင်ဘုံကျော်လွှားခြင်း' ဖြစ်သွားပြီလေ… ကွာခြားမှုက အသေးအဖွဲလေး မဟုတ်ပါဘူး… ဟားဟားဟား……" ကျန်းထိုက်ချန်က ကျယ်လောင်စွာရယ်မော၍ ပြောဆိုလိုက်သည်။

သူက ရယ်မောနေချိန်တွင် အခြားသူများကလည်း ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့ကြ၏။

ဤလူများအားလုံးက ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင်,ကျူးကော့ချင်ရွှမ်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး မောက်မာသည့် ပုံစံကြောင့် အလွန်အမင်း မကျေမနပ်ဖြစ်နေခဲ့ကြသည်။

အတိတ်တွင် ဝိညာဥ်ဘရစ်စတယ် ဒီဗိုင်းဘုရင်က အချိန်မီ ရောက်လာခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ခဲ့လျှင် ယီယွမ်က ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင်,ကျူးကော့ချင်ရွှမ်၏ လက်ထဲ၌ သေချာပေါက် သေဆုံးခဲ့ရပေလိမ့်မည်။

ထို့ကြောင့် ဤလူစုက ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင်,ကျူးကော့ချင်ရွှမ် အပေါ်တွင် ရန်သူတော်ကြီးတစ်ဦးကို  မုန်းတီးနေသည့် ခံစားချက်မျိုး  ခံစားနေခဲ့ရ၏။

ယခု ယီယွမ်က မဟာဒီဗိုင်းဘုရင်ဆယ်ဦး စာရင်းထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သူက အဆင့်ခြောက်သို့ ရောက်ရှိနေခဲ့ရုံသာမကဘဲ "ကောင်းကင်ဘုံကျော်လွှားခြင်း" ဟူသော နာမည်ကိုပါ ရရှိခဲ့သည်။ ထိုအရာက ကောင်းကင်ဘုံတည်ငြိမ်စေခြင်း ဒီဗိုင်းဘုရင်ကို သေလောက်အောင် ဒေါသထွက်စေမည်မှာ သေချာလှပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora