Ch 1219 - 1221

108 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  88

Chapter-10

(အကောင်းဆုံးအချိန်ကို ကျော်လွန်သွားသော သူရဲကောင်းတစ်ယောက်)

ခန်အိုက ထိတ်လန့်တကြား ထွက်ပြေးသွားခြင်းကြောင့် လူတိုင်းက ဝမ်းသာသွားခဲ့ကြသည်။

နဂါးကလန်အတွင်း၌ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ယနေ့တွင် ကလန်အဖွဲ့သားအားလုံးက သေခြင်းရှင်ခြင်းကြား၌ အခေါက်ပေါင်းများစွာ လူးလာကူးသန်းခဲ့ရသည်။

ဤဖြစ်ရပ်ကြောင့် သူတို့၏စိတ်အပေါ်တွင် သက်ရောက်စေသော ခံစားချက်က ဆိုးရွားလွန်းခဲ့၍ လူအများက စိတ်ဓာတ်ကျသွားခဲ့ကြသည်။

သူတို့ထဲတွင် အပျော်ဆုံးသူက လုံထန့်မှလွဲ၍ အခြားသူမဟုတ်ပေ။

နှစ်ပေါင်းငါးသောင်း ကြာမြင့်ပြီးနောက် ဖန့်ထျန်းနှင့် နောက်တစ်ကြိမ်တွေ့ဆုံခဲ့ရ၍ သူ၏စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ခန့်မှန်းကြည့်နိုင်ပေသည်။

"ဟဲဟဲ… နှစ်ပေါင်းငါးသောင်းကြာအောင်  မတွေ့ခဲ့ရတဲ့အချိန်မှာ အစ်ကိုဖန့်ရဲ့ခွန်အားက နောက်တစ်ဆင့်ကို မြင့်တက်သွားခဲ့မယ်လို့ ထင်မထားခဲ့မိဘူး….." လုံထန့်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူက နှစ်သောင်းပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီးသော နဂါးအိုကြီးတစ်ကောင်ဖြစ်သည်။
ထို့ကြောင့် ခန်အိုနှင့် ဖန့်ထျန်းတို့ တိုက်ခိုက်နေချိန်အတွင်း၌ လုံထန့်၏ ခံစားချက်များက တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ ဖန့်ထျန်းကို ပြန်မြင်လိုက်ရသော စောစောကအချိန်ကဲ့သို့  အလွန်အမင်း စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။

သို့သော် သူ၏ စကားများထဲမှ ပျော်ရွှင်မှုကို ဖုံးကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ဖန့်ထျန်းက နေရာမှာတင် ရပ်နေခဲ့ပြီး လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့ကာ လုံထန့်၏ စကားကိုလည်း ပြန်မပြောခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now