Ch 1167 - 1169

110 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 85

Chapter-4

(လရောင်မြို့တော်၏ သေရေးရှင်ရေး အခြေအနေ)

ဤအချိန်၌ အဝေးတွင်ရှိသော မဟာရှန်းနယ်မြေတွင်…..

လရောင်မြို့တော်အတွင်း၌ တိုက်ခိုက်သတ်ဖြတ်သံများက ကောင်းကင်ဘုံကိုပင် တုန်ခါစေခဲ့သည်။ ပြင်းထန်သော သဘာဝစွမ်းအင် ပေါက်ကွဲမှုများက နေရာတိုင်းတွင် ထွက်ပေါ်နေခဲ့ကြ၏။ 

နောက်ခံအစစ်အမှန်မသိရသည့် ပုဂ္ဂိုလ်အချို့က မြို့ထဲတွင် အထိန်းအကွပ်မရှိဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခဲ့ကြ၏။

ထိုလူများအပြင် အခြားသိုင်းပညာရှင်များလည်း ပါဝင်ပေသည်။

ထိုလူများက ကျယ်ပြန့်သောနေမင်းမြို့၏ သိုင်းပညာရှင်များ ဖြစ်နေသည်ကို တုန်လှုပ်ဖွယ် မြင်တွေ့နေခဲ့ရ၏။

"ကျိုးကျား… မင်းက ငါတို့ကလန်နှစ်ခုရဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ အခြားအင်အားစုတွေနဲ့ ပူးပေါင်းပြီး လရောင်မြို့တော်ကို လာရောက်တိုက်ခိုက်တာပေါ့… မင်းက အသေဆိုးနဲ့ သေရလိမ့်မယ်….." ယွဲ့ကျန့်ချိုးက ဒေါသတကြီး ပြောဆိုလိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသူက ကျယ်ပြန့်သောနေမင်းမြို့၏ မြို့ပိုင်အရှင်သခင် ကျိုးကျားပင် ဖြစ်သည်။

ဤနံနက်ခင်းတွင် ကျိုးကျားက လရောင်မြို့တော်၏ တံခါးများကို ပရိယာယ်ဖြင့် ဖွင့်လှစ်စေခဲ့ပြီး နောက်ခံအစစ်အမှန်မသိရသော အနက်ရောင်ဝတ်စုံနှင့်လူတစ်စုကို ခေါ်သွင်းလာခဲ့ကာ လရောင်မြို့တော်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပေသည်။

လရောင်မြို့တော် တစ်ခုလုံးက ဆိုးဆိုးရွားရွား အခြေအနေတစ်ခုသို့ ကျရောက်နေခဲ့ပြီဖြစ်သည်။

"ယွဲ့ကျန့်ချိုး… ငါဘာမှမသိဘူးလို့ မထင်နဲ့… နေမင်းလမင်း ကောင်းကင်သူငယ်အိမ်က ကျယ်ပြန့်သောနေမင်း တောက်ပသောလမင်း နယ်မြေထဲမှာ မရှိတော့ဘူး… နေမင်းလမင်း ကောင်းကင်သူငယ်အိမ် မရှိတော့ဘူးဆိုမှတော့ ငါတို့မိသားစုနှစ်ခု ချစ်ချစ်ခင်ခင် ပေါင်းစည်းနေထိုင်ဖို့ ဘာလို့လိုအပ်တော့မှာလဲ… အခုအချိန်မှာ မင်းတို့ ယွဲ့မိသားစု ဘိုးဘေးလည်း သေသွားပြီ… ငါတို့ကျိုးမိသားစုကတော့ တောက်ပနေတဲ့အချိန်ကို ရောက်နေပြီ… ဒီမဟာရှန်းနယ်မြေက ငါတို့ကျိုးမိသားစုတစ်ခုတည်းနဲ့ပဲ သက်ဆိုင်တယ်….." ကျိုးကျားက ထိုသို့ပြောနေရင်း စိတ်ထဲ၌ အားရကျေနပ်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now