Ch 1177 - 1179

99 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 85

Chapter-13

(ပေါင်းစည်းမှုကိုးခု နတ်ဘုရားသတ် ဓားအစီအရင်)

ကျိစန်းလန်ကိုမြင်သော် ယီယွမ်၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ပေ။

ယီယွမ်က ကျိစန်းလန်ကိုကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုခဲ့သည်။ "ငါမင်းကိုတစ်ခွန်းပဲမေးမယ်… အခုအချိန်မှာ လီအာက ဘယ်လိုဖြစ်နေပြီလဲ….."

ကျိစန်းလန်က ပြုံး၍ ပြောဆိုလိုက်သည်။ "သူမက အခုအချိန်မှာ  ဘာဖြစ်နိုင်ဦးမှာလဲ… မင်းက သိပြီးသား မဟုတ်ဘူးလား… ငါက သူမကို အသက်ချမ်းသာပေးမယ်လို့ မင်းထင်လား… ဟားဟား… ကောင်းကင်ဘုံရဲ့သားတော်က အထီးကျန်ဖို့ ကံကြမ္မာဖန်လာတာပဲ….." 

ယီယွမ်၏ အကြည့်က ထက်ရှသွားခဲ့သည်။ သတ်ဖြတ်လိုစိတ်က ကောင်းကင်ထိတိုင် ထိုးတက်သွားခဲ့ပေ၏။

ကျိစန်းလန်က ထိုအခြေအနေကိုမြင်သော် အသာအယာပြုံး၍ ပြောဆိုလိုက်သည်။ "ကြည့်ရတာ မင်းက ငါ့ကို တော်တော်လေးမုန်းတီး​နေတာပဲ… ဒါပေမဲ့ မင်းရဲ့ပြိုင်ဖက်က ငါမဟုတ်ဘူး… မင်းရောက်လာပြီဆိုတော့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး,ငါက မင်းအတွက် ပွဲကြီးပွဲကောင်းတစ်ခု ပြင်ဆင်ပေးရမှာ ထုံးစံပဲလေ….."

ဝှစ်…..

ယီယွမ်၏ မျက်စိရှေ့တွင် လူတစ်ရာကျော် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလူတစ်ယောက်ချင်းစီထံမှ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေခဲ့ကြသည်။

စောစောလေးက သူ့ကြောင့် သတိလစ်သွားခဲ့သော မာယိုတနှင့် ကျန်လူအားလုံးကလည်း သတိပြန်ရလာခဲ့ကြပြီး ယီယွမ်ကို အလယ်တွင်ထား၍  ဝန်းရံပိတ်ဆို့လိုက်ကြသည်။

"ပေါင်းစည်းမှုကိုးခု နတ်ဘုရားသတ် ဓားအစီအရင်… မင်းဒီဟာကိုသိပါတယ်….." ကျိစန်းလန်က အသာအယာပြုံး၍ ပြောဆိုလိုက်သည်။

ယီယွမ်၏မျက်နှာအမူအရာက  နက်မှောင်သွားခဲ့ပြီး မုန်းတီးစွာဖြင့် အံကိုတင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။ "မင်းက သေဖို့ကောင်းတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now