Ch 1192 - 1194

98 9 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 86

Chapter-13

(မဟာယန်ဒီဗိုင်းဘုရင်ကို ရန်စခြင်း)

ယီယွမ်က မျက်ခုံးပင့်လိုက်မိပြီး မည်သူရောက်ရှိလာသည်ကို ခန့်မှန်းသိရှိသွားခဲ့ပြီဖြစ်၏။

နတ်ဘုရားနယ်မြေတွင် သူ၏ အမျက်ဒေါသဓား မီးကြာပန်းကို ဝင်္ကပါများ၏ အစွမ်းဖြင့် တားဆီးပိတ်ဆို့နိုင်သူမှာ မဟာယန်ဒီဗိုင်းဘုရင်မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

ဟင်းလင်းပြင်ထဲမှ လူတစ်ယောက်ထွက်လာခဲ့သည်။ သူ၏ဆံပင်နှင့် မုတ်ဆိတ်က အနည်းငယ်ဖြူနေခဲ့ပြီး သူ၏မျက်နှာကမူ  နီမြန်းနေခဲ့သည်။ သူက မဟာယန်ဒီဗိုင်းဘုရင်,လူလင်ဖုန်း ဖြစ်ပေသည်။

"ညီလေးကျိ… ငါ့မျက်နှာကို ထောက်ထားပြီးတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ… ဘယ်လိုသဘောရလဲ….." လူလင်ဖုန်းက အသာအယာပြုံး၍ ပြောဆိုလိုက်သည်။

ယီယွမ်က သူ့ကို သေချာပေါက်  မျက်နှာသာပေးမည်ဟု လူလင်ဖုန်းက ယုံကြည်ချက်အလွန်ရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ ယီယွမ်နှင့်သူ၏ ဆက်ဆံရေးက ဤကိစ္စကို မျက်နှာသာပေးရန် လုံလောက်နေပေသေးသည်။

ယီယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ "ရပါတယ်… ဒါပေမဲ့ ဝင်္ကပါလမ်းစဥ်ကျမ်းကိုးခုနဲ့ အလဲအလှယ်လုပ်ရမယ်….."

ယီယွမ်က သူ့ကို လေးစားခြင်းမပြုဘဲ ထိုသို့ပြောဆိုမည်ဟု မျှော်လင့်မထားခဲ့၍ လူလင်ဖုန်း၏ အမူအရာက အနည်းငယ် တောင့်တင်းသွားခဲ့သည်။

ဝင်္ကပါလမ်းစဥ်ကျမ်းကိုးခုက သူ၏ ဘဝတစ်သက်လုံး ကြိုးစားအားထုတ်ခဲ့မှုမှ ရရှိလာသော အသီးအပွင့်ဖြစ်သည်။ မည်သည့်အတွက် သူက ထိုအသီးအပွင့်ကို အခြားသူများအား အလွယ်တကူ ပေးအပ်နိုင်မည်နည်း။

"ညီလေး… မင်းက လူတွေကို ဒီလိုမျိုး ဖိအားပေးတာလား….." လူလင်ဖုန်းက သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now