1450 - 1452

96 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 103

Chapter-13

(ချင်ထျန်းရောက်ရှိလာခြင်း)

ဝှီး…..

ဝှီး…..

ဝှီး…..

……….

မီးတောက်ကျောက်လူသားက လက်သီးကို အဆက်မပြတ် ထုနှက်နေခဲ့သည်။ အရှိန်အဟုန်က ကြီးမားနေခဲ့ပြီး စွမ်းအားကလည်း လွှမ်းမိုးနိုင်လွန်းပေ၏။

မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့်ချင်း တူညီသော်လည်း သွမ့်ဖေးက အဆက်မပြတ် ရှောင်တိမ်းနေရန်သာ တတ်နိုင်ခဲ့ပြီး ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိခဲ့ပေ။

ဤမီးတောက်ကျောက်လူသားက အစွမ်းထက်လွန်းလှသည်။ လက်သီးချက်တိုင်းတွင် အလွန့်အလွန် နက်နဲသော မီးဥပဒေသများ ပါဝင်နေခဲ့ပြီး ပြိုင်ဖက်ကင်းအောင် အစွမ်းထက်လှပေ၏။

"သောက်ကောင်ယီယွမ်… ငါက မင်းကို ဖမ်းမိပြီဆိုရင် မင်းရဲ့ခြေတွေလက်တွေကို သေချာပေါက် ဖြတ်တောက်ပစ်မယ်….."

သွမ့်ဖေးက ယီယွမ်ကို အဆုံးစွန်အထိ မုန်းတီးနေခဲ့ပြီဖြစ်သည်။

သို့ရာတွင် အတွေးက အတွေးသာဖြစ်ပြီး သူ၏ရှေ့မှောက်မှ မီးတောက်ကျောက်လူသားက အစွမ်းထက်လွန်းလှသည်။ သွမ့်ဖေးက အခြားအရာများအတွက် အချိန်မပေးနိုင်ခဲ့ဘဲ လက်ရှိအခြေအနေကိုသာ အာရုံအပြည့်စိုက်ထားခဲ့ရ၏။

ပတ်ဝန်းကျင်တွင် နာနာကျင်ကျင် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

လူတိုင်းက မီးတောက်ကျောက်လူသားများ၏ ဝန်းရံတိုက်ခိုက်မှုအတွင်းသို့ ကျရောက်နေခဲ့ပြီဖြစ်သည်။ ကျရှုံးသွားကြသော လူအများအပြား ရှိနေခဲ့ကြပြီဖြစ်၏။

ဝှစ်…..

ဤအခိုက်အတန့်တွင် အနက်ရောင်လူရိပ်တစ်ခုက မီးတောက်ကျောက်လူသားများ၏ ဝန်းရံတိုက်ခိုက်မှုအတွင်းမှ ထွက်သွားနိုင်ခဲ့ပြီး အရိပ်တစ်ခုအသွင်ဖြင့် လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now