Ch 1310 - 1312

86 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 94

Chapter-10

(အသင်္ချေရတနာမျှော်စင်)

"လျန့်မိသားစုကို ထည့်မတွက်တော့ဘူး… စီနီယာ… ကျွန်တော်တို့က ဝိညာဥ်ဆေးပင်တွေကို ဘယ်နေရာကနေ ဝယ်ယူရမလဲ….." ယီယွမ်က ပြောဆိုလိုက်သည်။

အမှုန်မဲ့က ပြောဆိုခဲ့၏။ "ဒါဆိုရင် အသင်္ချေရတနာမျှော်စင်ကို သွားလိုက်… ကောင်းကင်အင်ပါယာ အသင်္ချေရတနာရဲ့ လက်အောက်မှာရှိတဲ့  အသင်္ချေရတနာမျှော်စင်ရဲ့ သတင်းစကားက တော်တော်လေး လုံခြုံစိတ်ချရတယ်… ကောင်းကင်အင်ပါရီယန် အင်မော်တယ်ဂရု အသက်ရှင်ရက်ရှိနေတုန်းက အသင်္ချေရတနာမျှော်စင်ကို လာရောက်ပြီး ပစ္စည်းတွေ ဝယ်ယူတာကို သဘောကျခဲ့တယ်……"

ယီယွမ်က ခေါင်းညိတ်လိုက်သည်။ ကောင်းကင်အင်ပါရီယန် အင်မော်တယ်ဂရုပင် ထိုနေရာကို  အသိအမှတ်ပြုခဲ့ရာ သူက ထိုနေရာကို ငြင်းဆန်ရန်အကြောင်းမရှိပေ။

သူ၏အရေးကိစ္စများကို အစီအစဥ်တကျ လုပ်ဆောင်ပြီးနောက် ယီယွမ် လျန့်မိသားစုအတွင်းမှ ထွက်ခွာလာခဲ့သည်။

မေးမြန်းစုံစမ်းပြီးနောက် ယီယွမ်က အသင်္ချေရတနာမျှော်စင်သို့ ဦးတည်သွားရောက်ခဲ့၏။ အမှုန်မဲ့၏အသံက ယီယွမ်၏စိတ်ထဲသို့ ရောက်လာခဲ့သည်။

"ကလေး… နောက်မှာ လူတစ်ယောက်လိုက်လာတယ်… အဲဒါက ကျန့်ရွှင်းပဲ….."

ယီယွမ်က စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သော်လည်း သူ၏ မျက်နှာအမူအရာကမူ ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ သူက ရှေ့သို့ ဆက်သွားခဲ့ပေသည်။

ကောင်းကင်တံတားကမ္ဘာက အင်မော်တယ်ဂရုကမ္ဘာနှင့် လုံးဝကွာခြားပေ၏။ ယီယွမ်၏ နတ်ဘုရားစိတ်အာရုံက ပေတစ်ရာအကွာအဝေးအထိသာ ဖြန့်ကြက်နိုင်ပေသည်။

ထို့ပြင် ဤနေရာတွင် သိုင်းပညာရှင်များအပေါ် မိုးကောင်းကင်တာအို၏ ဖိနှိပ်မှုက အလွန့်အလွန် အစွမ်းထက်လှသည်။

နတ်သခင်အဆင့်အောက်ရှိ သိုင်းပညာရှင်များက ပျံသန်းနိုင်စွမ်းမရှိကြပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now