Book(83)Ch 1-3(or)Ch 1134 - 1136

115 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(83)

Chapter-1

(စိတ်လွတ်ကိုယ်လွတ် သတ်ဖြတ်ခြင်း)

ယီယွမ်၏စကားများက ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်များကို ကြက်သီးထသွားစေခဲ့ပြီး သူတို့က အန္တရာယ်ကြီးမားမှုကို ခံစားလိုက်ရသည်။

အမှိုက်သရိုက်များက တဖြည်းဖြည်း ရှင်းလင်းသွားခဲ့သည်။ ဧရာမလိပ်ခွံကြီးတစ်ခုက လူတိုင်း၏ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့ပေသည်။

ဆန်းကြယ်ပညာ တော်ဝင်လိပ်ခွံကိုမြင်သော် ကောင်းကင်တိမ်တိုက်နှင့် နန်းကုန်းကျိဖုန့်တို့၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ကြသည်။ 

သူတို့က ဆန်းကြယ်ပညာ တော်ဝင်လိပ်ခွံကို မသိကြသော်လည်း ဤလိပ်ခွံ၏ အံ့မခန်း အစွမ်းထက်မှုကို သူတို့က တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့ခဲ့ကြသည်။ 

ထိုလိပ်ခွံပေါ်တွင် အလွန့်အလွန် နက်နဲသိမ်မွေ့သော ဥပဒေသစွမ်းအားများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေခဲ့သည်။ ထိတ်လန့်တုန်လှုပ်စရာကောင်းသည်မှာ ထိုဥပဒေသစွမ်းအားများက နတ်ဘုရားတာအို ဥပဒေသများ ဖြစ်နေခဲ့ပေ၏။

ယီယွမ်က ဤလိပ်ခွံ၏ အကာအကွယ်အောက်၌ လုံးဝပင် ထိခိုက်ဒဏ်ရာမရခဲ့ပေ။

ယီယွမ်က ဆန်းကြယ်ပညာ တော်ဝင်လိပ်ခွံကို သိမ်းဆည်းလိုက်ပြီး သူ၏မျက်လုံးထဲ၌ လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာခဲ့သည်။

တော်ဝင်မြို့၏ ရန်စစော်ကားမှုက သူ၏အောက်ဆုံးစည်းကို ထိပါးလာခဲ့ပြီဖြစ်သည်။

အကယ်၍ ကောင်းကင်ဝေးကွာခြင်းကသာ ဆန်းကြယ်ပညာ တော်ဝင်လိပ်ခွံ၏   နတ်ဘုရားတာအိုစွမ်းအားကို  အသက်သွင်းထုတ်ဖော်ပေးခြင်း မရှိခဲ့လျှင် ယီယွမ်က ဤတစ်ကြိမ်၌ သေချာပေါက် သေဆုံးရပေလိမ့်မည်။

သို့သော် ကောင်းကင်ဝေးကွာခြင်း၏ လက်ရှိအခြေအနေဖြင့်ဆိုလျှင် အလွန်ဆုံးအနေဖြင့်  ဆန်းကြယ်ပညာ တော်ဝင်လိပ်ခွံကို  နတ်တန်ခိုးရှင်အဆင့် တိုက်ခိုက်မှုသုံးကြိမ်သာ ခုခံကာကွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပေသည်။ 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now