Ch 1140 - 1142

108 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 83

Chapter-7

(နယ်မြေစိမ်းတွင် မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံခြင်း)

"ကောင်းကင်ဘုံရဲ့သားတော် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကောင်းကောင်းထိုက်တန်တာပဲ… မင်းရဲ့ အရည်အချင်းက တကယ်ကိုပဲ ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်နေတယ်… ဒီလိုထူးချွန်တဲ့ အရည်အချင်းမျိုးက မင်းရဲ့ အတိတ်ဘဝမှာ တကယ်ပဲ အလဟဿဖြစ်နေခဲ့တယ်….."

ယီယွမ်က အဆင့်(6) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ်သို့ တက်ရောက်သွားသည်ကို မြင်သော် ဝိညာဥ်ဘရစ်စတယ် ဒီဗိုင်းဘုရင်က တုန်လှုပ်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ 

ယှဥ်ကြည့်လိုက်လျှင် ကွာခြားမှုကို အထင်းသား တွေ့မြင်နိုင်ပေသည်။

ယီယွမ်က ပြုံး၍ ပြောဆိုလိုက်၏။ "အစ်ကိုကြီးထန့်က နှိမ့်ချလွန်းနေပါပြီ… နတ်ဘုရားနယ်မြေမှာ အစ်ကိုကြီးရဲ့ အရည်အချင်းကို မသိတဲ့သူ မရှိဘူးလေ… ယန်ကိုးပါး ဝိညာဥ်ဘရစ်စတယ် နတ်ဘုရားပညာရပ်ကို ဒီလိုအဆင့်အထိ နားလည်ထားခဲ့တဲ့သူမျိုးက နတ်ဘုရားနယ်မြေမှာ ဒုတိယတစ်ယောက် မရှိနိုင်တော့ဘူး….."

ယီယွမ်က ထန့်ယွင်ကို မြှောက်ပင့်ပြောဆိုနေခြင်း  မဟုတ်ပေ။ နတ်ဘုရားစာလုံးများက လူတိုင်း နားလည်နိုင်သောအရာများ မဟုတ်ကြပေ။ 

ကောင်းကင်တိမ်တိုက်နှင့် နန်းကုန်းကျိဖုန့်တို့ကလည်း ဗြဟ္မာနှလုံးသားဆုဒြာ ပညာရပ်၏ ဆက်ခံသူများ ဖြစ်ကြသည်။ သို့သော် နတ်ဘုရားစာလုံးများအပေါ် နားလည်သဘောပေါက်မှု အရာတွင် နှိုင်းယှဥ်လိုက်လျှင် သူတို့က ကျူးကော့ချင်ရွှမ်၏ ခြေဖျားကိုပင် မမီကြပေ။

နဂါးကလန်တွင်လည်း နတ်ဘုရားစာလုံးများ ရှိနေပေသည်။ သို့သော် အောင်းသော်၏ နားလည်မှုများက အကန့်အသတ်ရှိနေခဲ့သည်။

သို့ဖြစ်၍ နတ်ဘုရားစာလုံးများကို ထိုသို့သောအဆင့်အထိ နားလည်ထားခဲ့သည့်အတွက် ထန့်ယွင်က ပြိုင်ဖက်ကင်းသော အရည်အချင်းမျိုး ရှိနေကြောင်း သိနိုင်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now