Book(86)Ch 1-3(or)Ch 1180 - 1182

103 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(86)

Chapter-1

(နှစ်ပေါင်းငါးသောင်းကြာပြီးတဲ့နောက် နတ်ဘုရားအဆင့် နဂါးလှိုင်းသံ ပြန်ထွက်ပေါ်လာပြီ)

ကျိစန်းလန်၏ အကြည့်က စူးရှလာခဲ့သည်။

ယီယွမ်က အထွတ်အမြတ် နဂါးတံဆိပ်အား ဖြည်းဖြည်းချင်း သိမ်းယူလိုက်သည်ကို သူက မြင်လိုက်ရပေ၏။

ယီယွမ်က သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကြွက်သားများက စည်းချက်ညီညီ တုန်ခါလာခဲ့သည်။ 

"ဟူး… ဒီလူထူးဆန်းလေးက နောက်ဆုံးမှာတော့ အဲဒီအရာကို အသုံးပြုတော့မှာလား… နှစ်ပေါင်းငါးသောင်းကြာပြီးတဲ့နောက် အဲဒါကို နောက်ဆုံးမှာ နောက်တစ်ကြိမ် ထပ်မြင်ရပြီပဲ….."

ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားအတွင်း၌ လုံထန့်က တိုက်ပွဲအခြေအနေကို တစ်ချိန်လုံး လေ့လာကြည့်ရှုနေခဲ့သည်။

ယီယွမ်က အထွတ်အမြတ် နဂါးတံဆိပ်ကို သိမ်းယူလိုက်သည့်အတွက် ကြီးမားသောတိုက်ခိုက်မှုတစ်ခု ထုတ်ဖော်အသုံးပြုတော့မည်ဖြစ်ကြောင်း လုံထန့်က သိရှိသွားခဲ့သည်။

ယီယွမ်က နဂါးလှိုင်းသံကို စိတ်ဝိညာဥ်အဆင့်၏ ပြီးပြည့်စုံမှုအဆင့်ကို ရောက်ရှိနေသည်မှာ အချိန်အကြာကြီး ကြာမြင့်နေပြီ​ဖြစ်၏။ နတ်ဘုရားအဆင့် နဂါးလှိုင်းသံကမူ ဒဏ္ဍာရီတစ်ခု ဖြစ်ပေသည်။

သို့ရာတွင် နှစ်ပေါင်းတစ်သိန်းကာလအတွင်း နဂါးလှိုင်းသံကို နတ်ဘုရားအဆင့်အထိ ရောက်ရှိအောင် အမှန်တကယ်  ကျင့်ကြံနိုင်သူတစ်ယောက်ရှိခဲ့ပြီး ထိုသူက လုံထန့်ဖြစ်ပေသည်။

နဂါးကလန်၏ နတ်ဘုရားစာလုံးများက မှတ်တမ်းတင်ထားသည်မှာလည်း နဂါးလှိုင်းသံကို နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ကျင့်ကြံနည်းပင် ဖြစ်သည်။

လုံထန့်၏ အခြားသူများအပေါ်  လွှမ်းမိုးနိုင်စွမ်းရှိသော အရည်အချင်းကြောင့် သူက နတ်ဘုရားစာလုံးများကို နားလည်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့် နဂါးလှိုင်းသံကို ကျင့်ကြံနိူင်ခဲ့သည်။ ဤအရာကြောင့်ပင် သူက နှစ်ပေါင်းတစ်သိန်းကာလအတွင်း နဂါးကလန်၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now