1495 - 1497

99 6 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-13

(စည်းမျဥ်းများ ပြောင်းခြင်း)

ဖန်းယု၏အုပ်စုတွင် ရှေ့ဆုံးမှ ဦးဆောင်လာသူကို ရှို့နင်ဟု ခေါ်ပေသည်။

ယီယွမ်၏ပြိုင်ဖက်က ထိုသူဖြစ်သည်။

သို့ရာတွင် ရှို့နင်က ယီယွမ်၏စွမ်းရည်များကို မျက်မြင်တွေ့ထားခဲ့ပြီးဖြစ်၍ သူ့ကို အလွန်အထင်ကြီးနေခဲ့ကြောင်း သိသာထင်ရှားပေသည်။

"ညီအစ်ကိုအမှောင်ညက ထူးချွန်တဲ့စွမ်းရည်တွေ ရှိနေခဲ့တာပဲ… ရှို့နင် လေးစားမိပါတယ်… ဒါပေမဲ့ လော့ချီနဲ့ဖေးလန်က အားနည်းလွန်းတယ်… သူတို့က တောက်ပကြယ်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး… ညီအစ်ကိုအမှောင်ညက ဘာလို့အရှုံးမပေးလိုက်တာလဲ… အဲဒီရတနာရှစ်ခုကိုရရင် ငါတို့က ညီအစ်ကိုအမှောင်ညကို နှစ်ခုခွဲဝေပေးမယ်လေ… ဘယ်လိုသဘောရလဲ….." ရှို့နင်က ယီယွမ်ကိုကြည့်၍ ပြောဆိုလိုက်၏။

လော့ချီနှင့် ဖေးလန်၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ပြီး သူတို့က တင်းမာနေသောလေသံဖြင့် ပြောဆိုလိုက်သည်။ "ရှို့နင်… ဒါက ဘာအဓိပ္ပာယ်လဲ….."

ရှို့နင်က အေးအေးဆေးဆေး ပြောဆိုခဲ့၏။ "လူတိုင်းက မိသားစုတစ်ခုတည်းရဲ့ ဧည့်သိုင်းပညာရှင်တွေပဲလေ… ငါတို့ရဲ့ အခြေအနေကို ငါတို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိနေကြတာပဲ… မင်းတို့တွေက ညီအစ်ကိုအမှောင်ညကို မှီခိုပြီး ငါတို့ကို အနိုင်ယူနိုင်ခဲ့ရင်တောင် တောက်ပကြယ်နဲ့ သူ့အုပ်စုကို ယှဥ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး… အခုချက်ချင်း အရှုံးပေးလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်….."

လော့ချီက ရှို့နင်၏စကားကြောင့် အလွန်ဒေါသထွက်သွားခဲ့ပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။ "ငါတို့က မနိုင်နိုင်ဘူး… ဒါဆိုရင် မင်းတို့သုံးယောက်က အနိုင်ယူနိုင်တယ်လို့ ဆိုလိုတာလား….."

ရှို့နင်က ပြောခဲ့၏။ "ရိုးရိုးသားသား ပြောရမယ်ဆိုရင် အနိုင်ရမယ်လို့ ယုံကြည်ချက်မရှိဘူး… ဒါပေမဲ့ အခွင့်အရေးတွေက အနည်းဆုံးတော့ မင်းတို့သုံးယောက်ထက် ပိုများတယ် မဟုတ်ဘူးလား….." 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now