Ch 1183 - 1185

97 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 86

Chapter-4

(အမျက်ဒေါသဓား မီးကြာပန်း)

"ဟမ့်… ထူးချွန်တဲ့သူက လောကမှာ မင်းတစ်ယောက်တည်းပဲရှိတာ မဟုတ်ဘူး… ဒီနှစ်တွေမှာ မင်းရဲ့ဂိုဏ်းတူအစ်ကိုကြီး,ငါက ပျင်းရိမနေခဲ့ဘူးလေ… သွေးထွက်ခြင်းဓားပျံက မိစ္ဆာမျိုးနွယ်ရဲ့ အထွတ်အထိပ် သွေးတာအိုနဲ့ လူသားမျိုးနွယ်ရဲ့ ဓားတာအိုကို အတူပေါင်းစပ်ထားတာပဲ… စွမ်းအားအရာမှာ မဟာဒီဗိုင်းဘုရင်ဆယ်ဦးလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ယှဥ်လိုက်ရင်တောင် နည်းနည်းလေးမှ အားမနည်းဘူး….." ကျိစန်းလန်က အသာအယာပြုံး၍ ပြောလိုက်သည်။

ထိုသွေးဓားများက အမြောက်ဆံများနှင့်တူသည်ဟုပင် ယီယွမ်က ခံစားခဲ့ရသည်။

သူက အစွမ်းကုန်ထုတ်၍ ခုခံခဲ့သည့်တိုင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။

ယီယွမ်၏ ခုခံမှုစွမ်းအားဖြင့်ဆိုလျှင် ထိုအရာက မဖြစ်နိုင်သောအရာတစ်ခု ဖြစ်ပေသည်။

"ဟဲဟဲ… ဦးနှောက်ရှုပ်ခံပြီး စဥ်းစားမနေနဲ့တော့… ငါက မင်းကို ပြန်ပြီးသက်သာဖို့ အခွင့်အရေးပေးမယ်လို့ မင်းထင်လို့လား… အခု ဂိုဏ်းတူအစ်ကိုကြီးက မင်းကို သောက်အဖိုးကြီးနဲ့ ပြန်ပြီးဆုံစည်းရဖို့ ပို့ပေးလိုက်တော့မယ်….."

ကျိစန်းလန်က ရုတ်တရက်ပင် ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည်။

သူက လက်ထဲတွင်ရှိနေသော နတ်ဓားဖြင့် သူ၏လက်ဝါးကို ရုတ်တရက် လှီးချလိုက်သည်။ နီရဲသော သွေးများက နတ်ဓားပေါ်သို့ ချက်ချင်းပင် ကျရောက်သွားခဲ့၏။

"သွေးထွက်ခြင်းဓားပျံ… သွားစမ်း….."

မရေမတွက်နိုင်သော သွေးဓားများက နောက်ထပ်တစ်ကြိမ် တဝှီးဝှီးအသံပေး၍ ရောက်ရှိလာခဲ့သည်။

ဤတိုက်ခိုက်မှုကို ယီယွမ်က ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။

သို့သော် ချက်ချင်းပင် ကျိစန်းလန်၏ မျက်နှာတွင်  အလွန့်အလွန် အံ့ဩသွားသော  အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now