1492 - 1494

87 6 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-10

(ငါ့အမှားလား)

ယီယွမ်က ဓားပညာကို ကျင့်ကြံပြီး ရှုပ်ထွေးမှုကို ရိုးရှင်းမှုအဖြစ် ပြောင်းလဲသွားစေခဲ့၍ ထိုအရာက ပုံမှန်ဖြစ်ရိုးဖြစ်စဥ် အခြေအနေနှင့် ကွာခြားသွားခဲ့ပြီဖြစ်သည်။

"ဖြိုခွင်းခြင်းကြယ်များ" သိုင်းကွက်၏ အနှစ်သာရက 'ခုတ်ပိုင်းခြင်း' အပေါ်တွင် မူတည်ပေ၏။

"ဖန်တီးခြင်းလမင်း" သိုင်းကွက်၏ အနှစ်သာရကမူ 'ထိုးသွင်းခြင်း' အပေါ်တွင် မူတည်နေခဲ့သည်။

တစ်ချက်ထိုးသွင်းခြင်းသာ ဖြစ်သော်လည်း ထိုအရာက သိုင်းကွက်ပေါင်း သန်းချီ၍ ဆင့်ကဲပြောင်းလဲနိုင်ပေ၏။ သို့ရာတွင် ထိုသိုင်းကွက်ပေါင်းသန်းချီ၏ အဓိကအုတ်မြစ်က 'ထိုးသွင်းခြင်း'သာ ဖြစ်ပေသည်။

နည်းလမ်းအမျိုးမျိုး ပြောင်းလဲရန် ထိုးထွင်းသိမြင်ခြင်းက အသုံးပြုသူ၏ တီထွင်ဖန်တီးမှုစွမ်းရည်အပေါ် မူတည်ပေသည်။

သိုင်းကွက်တိုင်း၊ ရွေ့လျားမှုတိုင်းကို တရားသေ မှတ်သားထားခြင်းက တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားပေလိမ့်မည်။

ဓားတာအို ကောင်းကင်ဒုတိယအလွှာ ပြည့်စုံမှုအဆင့်ကို ရောက်ရှိသွားခဲ့၍ ယီယွမ်၏ခွန်အားက နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လန်ကဲကို နောက်တစ်ကြိမ် သတ်ဖြတ်ရမည်ဆိုလျှင် သိုင်းကွက်တစ်ကွက်တည်းဖြင့် လုံလောက်သည်ဟု ယီယွမ်က ယုံကြည်ချက်ရှိပေ၏။

ဤအချိန်တွင် အပြင်မှ လုံကျန်း၏အသံကို ကြားလိုက်ရသည်။ "သခင်… လီကျီမိန်းကလေးက သခင်နဲ့တွေ့ဖို့ ရောက်လာပါတယ်….."

"သိပြီ….." ယီယွမ်က တည်ငြိမ်စွာ တုံ့ပြန်ခဲ့၏။

လီကျီကို မြင်တွေ့ချိန်တွင် သူမ၏နောက်၌ ကောင်းကင်ဘုံမြင်ယောင်ခြင်း နတ်တန်ခိုးရှင်အဆင့် သိုင်းပညာရှင်နှစ်ယောက်ကို မြင်တွေ့ခဲ့ရသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now