Ch 1522 - 1524

82 5 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 108

Chapter-10

(အင်ပါရီရယ်မြို့ကြီးမှ ရောက်ရှိလာသူ)

ယီယွမ်က အနည်းငယ် အံ့ဩသွားခဲ့သော်လည်း သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုလိုက်သည်။ "အတိတ်တုန်းက ဆေးဘိုးဘေးရဲ့ အခြေအနေက ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်မသိပေမဲ့ ကျွန်တော့်ရဲ့အဆင့်က သူ့ထက် အများကြီးနိမ့်ကျတယ်ဆိုတာ သေချာတယ်… သူက ဥပဒေသ အစိတ်အပိုင်းတစ်ခု ဆင်းသက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပေမဲ့ ကျွန်တော်က မလုပ်ဆောင်နိုင်ခဲ့ဘူး… ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ရှိအဆင့်က အများကြီးနိမ့်ကျနေသေးတယ်… အဆင့်မြင့် မှော်ဆေးပညာတာအို ဥပဒေသတွေကို နားမလည်သေးဘူး… အနာဂတ်မှာ ကျွန်တော်က ကောင်းကင်အင်ပါယာအဆင့်ကို ရောက်ရှိသွားပြီဆိုရင်တော့ အဲဒါက ဆေးဘိုးဘေးထက် နိမ့်ကျမှာမဟုတ်ဘူးလို့ ကျွန်တော်ခန့်မှန်းမိတယ်….."

ယီယွမ်က မှော်ဆေးပညာတွင် သာမန်လူများထက် ယုံကြည်မှုပိုရှိပေ၏။

ဆေးဘိုးဘေးက ကောင်းကင်တံတားကမ္ဘာကြီးရှိ မှော်ဆေးပညာရှင်များအားလုံး မော့ကြည့်ရသည့် တည်ရှိမှုတစ်ခု ဖြစ်သော်လည်း အနာဂတ်တွင် သူ့ကို အမီလိုက်နိုင်မည်ဟု ယီယွမ်က ယုံကြည်မှုရှိပေ၏။

အခြားသူများ၏အမြင်တွင် ဤစကားများက အလွန့်အလွန် မောက်မာနေခြင်းမျိုး ဖြစ်နိုင်ပေသည်။

သို့သော် ယီယွမ်ထံတွင် ဤသို့သော အစွမ်းနှင့် အရည်အချင်းရှိသည်ဟု အမှုန်မဲ့က ယုံကြည်ပေ၏။

ကောင်းကင်တံတားကမ္ဘာကြီးသို့ ယီယွမ်ဝင်ရောက်လာချိန်မှ ယခုလက်ရှိအချိန်အထိ နှစ်ပေါင်းတစ်ရာပင် မပြည့်သေးကြောင်း သိထားရပေမည်။

သူ၏ လက်ရှိအဆင့်ကို ရောက်ရှိနေခြင်းက မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ခုသာ ဖြစ်သည်။

အနည်းဆုံးအနေဖြင့် အမှုန်မဲ့၏ အတွေ့အကြုံ ဗဟုသုတ အတိုင်းအတာအတွင်း၌ ဆေးဘိုးဘေးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမှ ယီယွမ်နှင့် နှိုင်းယှဥ်နိုင်ခြင်းမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now