Book ( 110 ) Ch 1 - 3 ( or ) Ch 1543 - 1545

107 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(110)

Chapter-1

(လမ်းပြ)

အပျက်အစီး၏ အပြင်ဖက်တွင် လူနှစ်ယောက် တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

ဤလူနှစ်ယောက်က ထွက်သွားပြီးနောက် ပြန်ရောက်လာခဲ့သော တိအန်းနှင့်ကောင်းကင်ကြယ် ဖြစ်ပေ၏။

လပေါင်းများစွာ အနားယူ၍ ပြန်လည်ကုသပြီးနောက် ကောင်းကင်ကြယ်၏ ဒဏ်ရာများက အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပေသည်။

သို့သော် စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းပုလဲကြောင့် ဖြစ်ပေါ်လာခဲ့သော ထိခိုက်မှုက သူ့အတွက် အလွန်ကြီးမားပေ၏။ နှစ်ပေါင်းသုံးဆယ်မှငါးဆယ်အထိ အချိန်ယူခြင်းမရှိလျှင် သူက ပြန်လည်ကောင်းမွန်လာမည့် ကိစ္စကို မေ့ထားလိုက်ရမည်ဖြစ်သည်။

သူတို့နှစ်ယောက်က ဤနေရာတွင် ထွက်ပေါ်လာခဲ့ခြင်းမှာ သူတို့က ရိဟန်တို့သုံးယောက်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့၍ပင် ဖြစ်၏။

ဗလာကျင်းနေသော နေရာကိုကြည့်၍ သူတို့နှစ်ယောက်၏ မျက်လုံးထဲတွင် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်သွားဟန် ပေါ်လာခဲ့သည်။

"ဒီရှေးဟောင်းအပျက်အစီး ကိုယ်တိုင်က တန်ဖိုးအကြီးဆုံး ရတနာ ဖြစ်နေမယ်လို့ ငါထင်မထားခဲ့ဘူး….." တိအန်း၏ မျက်လုံးထဲတွင် နောင်တရနေသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

အကယ်၍ သူက ဤကိစ္စကို အစောကြီးကတည်းက သိရှိခဲ့မည်ဆိုလျှင် ခြေတစ်လှမ်းမျှပင် ရွေ့လျားခြင်းမရှိဘဲ ဤနေရာတွင် စောင့်ကြပ်နေမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ထူးကဲခရမ်းနုခန်းမက လွတ်မြောက်သွားနိုင်မည် မဟုတ်တော့ပေ။

ကောင်းကင်ကြယ်၏ နှုတ်ခမ်းထောင့်ကလည်း တွန့်ကွေးနေခဲ့ကာ သူက အံကြိတ်၍ ပြောဆိုလိုက်သည်။ "အဲဒီကောင်လေးက အကျိုးအမြတ်တွေ ဘယ်လောက်များအောင် ရရှိခဲ့တာလဲဆိုတာ မသိနိုင်တော့ဘူး… အခုအချိန်မှာ သူ့ကို ငါက အမှုန့်ချေပစ်လိုက်ချင်တယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now