1758 - 1760

63 4 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 112

Chapter-7

(ကျောက်တုံးကို လက်နှင့်ထိလိုက်ပြီး ရွှေဖြစ်သွားစေခြင်း)

"ဒီမြင်ကွင်းက ရှေ့နောက်မညီဘူးဆိုတဲ့ ခံစားချက်တစ်ခုကို ခံစားရစေတယ်… ကြယ်လေးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်က ကြယ်သုံးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်ကို တကယ်ပဲ ရိုရိုသေသေ ဂါရဝပြုခဲ့တယ်ပေါ့….."

"ကြယ်သုံးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်က ကြယ်လေးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက် အဆင့်တက်သွားအောင် ညွှန်ကြားပြသပေးခဲ့တာကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်နေခဲ့ရလို့သာ မဟုတ်ဘူးဆိုရင် ငါက အဲဒါကို သေချာပေါက် ယုံကြည်မိမှာ မဟုတ်ဘူး….."

"ဆရာသခင်ယီက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ… မှော်ဆေးပညာမှာ အခုလိုစွမ်းအားမျိုး ရှိနေတာက တကယ်ပဲ ကြောက်စရာကောင်းလွန်းတယ် မဟုတ်ဘူးလား….."

……….

ကြယ်လေးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်က ကြယ်သုံးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်ကို ယခုကဲ့သို့ ရိုရိုသေသေ ဂါရဝပြုခြင်းက အလွန်အမင်း သက်ရောက်မှုကြီးမားပေ၏။

အပြင်ပိုင်းမြို့မှ မှော်ဆေးပညာရှင်များအတွက် ကြယ်လေးပွင့် မှော်ဆေးပညာနတ်ဘုရားများက နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော် ယခုတွင်မူ နတ်ဘုရားကဲ့သို့သောပုဂ္ဂိုလ်က ကြယ်သုံးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်ကို အမှန်တကယ် ရိုသေလေးစားစွာ ဂါရဝပြုခဲ့၏။

ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "ငါစောစောက ပြောခဲ့သလိုပဲလေ… ငါကလည်း အဲဒီအဖိုးကြီးကို မျက်စိနောက်နေပြီ… တကယ်လို့ သူက ငါနဲ့ ယှဥ်ပြိုင်ရဲတယ်ဆိုရင် သူက ခွက်ခွက်လန်အောင် ရှုံးသွားရတဲ့အထိ ငါက သူ့ကို သေချာပေါက် ဖျက်ဆီးပစ်လိုက်မှာပဲ….."

ထိုစကားကိုကြားသော် လူတိုင်းက ကူရာကယ်ရာမဲ့စွာဖြင့် ဆွံ့အသွားခဲ့ကြ၏။ သို့သော် ဤစကားများ၏ မှန်ကန်မှုကို မည်သူတစ်ဦးတစ်ယောက်ကမှ သံသယမရှိကြပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now