1552 - 1554

87 7 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 110

Chapter-10

(လေပြင်းကောင်းကင်ကျောက်တုံး
ဆေးလုံး)

"လွယ်ကူတယ် ဟုတ်လား… ကောင်းကင်သွေးကြောနှလုံးသား ဆေးလုံးက လွယ်ကူတယ်လို့ နင်က ပြောနေတာလား… ဟဟ… တကယ်ကို အရှက်မရှိ ကြွားဝါနေတာပဲ….."

နင်စစ်ယွီက လုံးဝပင် ပြောစရာစကားမဲ့သွားခဲ့သည်။ ယီယွမ်၏ ယုံကြည်ချက်က မည်သည့်နေရာမှ ရောက်လာသည့်အတွက် ယခုကဲ့သို့ မောက်မာနေသည်ကို သူမက အမှန်တကယ် မသိတော့ပေ။

ကောင်းကင်သွေးကြောနှလုံးသား ဆေးလုံးက ကြယ်သုံးပွင့် အလယ်အလတ်အဆင့် နတ်ဆေးလုံးတစ်လုံး ဖြစ်ပေ၏။ ထို့ပြင် ကြယ်သုံးပွင့် အလယ်အလတ်အဆင့် ဆေးလုံးများအနက် ဖော်စပ်ရန် အလွန်ခက်ခဲသော ဆေးလုံးတစ်လုံးဖြစ်သည်။

နင်စစ်ယွီ၏ အရည်အချင်းက အလွန့်အလွန်မြင့်မားပေသည်။ သူမ၏ အသက်ငယ်ရွယ်မှုကြောင့် အထင်သေး၍မရပေ။ သူမက ကြယ်သုံးပွင့် အလယ်အလတ်အဆင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။

ကောင်းကင်သွေးကြောနှလုံးသား ဆေးလုံးက အချိန်ကြာလာသည်အထိ သူမ မဖော်စပ်နိုင်ခဲ့သော ဆေးလုံးပင် ဖြစ်၏။

ဤဆေးလုံးကို ဖော်စပ်ရန်ခက်ခဲမှုက ကြီးမားပေသည်။ အကယ်၍ နင်စစ်ယွီ၏ ဆရာက ထိုဆေးလုံးကို ဖော်စပ်မည်ဆိုလျှင်ပင် သာလွန်အဆင့် ဆေးလုံးတစ်လုံးကို တစ်ခါတစ်ရံမျှသာ ဖော်စပ်နိုင်ပေသည်။

သူမ၏ဆရာက ကြယ်လေးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်ဖြစ်ကြောင်း သိရပေမည်။

သူမ၏ရှေ့မှ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ကောင်လေးက အမှန်တကယ် မောက်မာလွန်းပေသည်။

ယီယွမ်က နင်စစ်ယွီကို တစ်ချက်ကြည့်၍ ပြုံးလိုက်ပြီး ပြောဆိုခဲ့၏။ "ကောင်းကင်သွေးကြောနှလုံးသား ဆေးလုံးကို ဖော်စပ်မှုအဖိုးအခက နတ်စွမ်းအင်ကျောက်တုံး နှစ်သန်း… မင်းမှာ အဲဒီပမာဏလောက် ရှိရဲ့လား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now