Ch 1268 - 1270

106 8 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  91

Chapter-13

(နှစ်ဆင့်တိုက်ခိုက်မှု)

"သွားစို့….."

ယီယွမ်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိခဲ့ဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ သူ့ကိုယ်သူနှင့်လီအာကို ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားအတွင်း တိုက်ရိုက်ထည့်သွင်းခဲ့ပြီး ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကို  အလင်းဖြူ၏ ခန္ဓာကိုယ်တွင် ချိတ်ဆွဲလိုက်သည်။

သူနှင့်အလင်းဖြူက စကားအများကြီးပြောရန် မလိုအပ်ပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံလောက်ပေသည်။

ချက်ချင်းပင် အလင်းဖြူက သူ၏ ရွေ့လျားမှုပညာရပ်ကို ထုတ်သုံးလိုက်ပြီး အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

အလင်းဖြူထံတွင် ယီယွမ်ကဲ့သို့ အကြီးစား တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ် မရှိသည့်တိုင် သူ၏ အမြန်နှုန်းက ယီယွမ်ထက် အများကြီးနှေးကွေးမနေခဲ့ပေ။

အလင်းတန်းစီးဆင်းခြင်းကျားဖြူ နာမည်က အလဟဿရရှိခဲ့ခြင်း မဟုတ်ပေ။

ယီယွမ်က ထိုမျှအထိ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အမြီးကုပ်၍ ထွက်ပြေးသွားမည်ဟု လီကွေ့ကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့ပေ။

အချိန်အနည်းငယ်ကြာ အံ့အားသင့်နေပြီးနောက် အလင်းဖြူက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

"ဟီးဟီး… ဒီကောင်လေးက တကယ်ကို အရည်အချင်းရှိတာပဲ… သူက ကိစ္စတွေလုပ်ဆောင်တဲ့နေရာမှာ လုံးဝကိုပိရိသေသပ်တယ်… အရူးကောင် ကျူးကော့ချင်ရွှမ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အဆပေါင်းဘယ်လောက်အထိ ပိုပြီးအစွမ်းထက်မလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး….."

အနည်းငယ် အံ့ဩသွားပြီးနောက် လီကွေ့က ချီးကျူးလိုက်ပြီး သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ကာ အလင်းဖြူနောက်သို့ လိုက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က အလင်းကဲ့သို့ မြန်ဆန်နေခဲ့ပြီး အလင်းဖြူထက် အများကြီး  ပိုမိုမြန်ဆန်နေခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now